BEC-TERO TV

မက်စီကို ထိန်းချုပ်ကစားသွားဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီဆိုတဲ့ မန်ယူနောက်ခံလူ စမောလင်း

10 Apr 2019     1,472 Views


ဒီညမှာ ချန်ပီယံလိဂ်ကွားတားဖိုင်နယ် ပွဲကြီးပွဲကောင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ အိုထရက်စ် ဖို့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ မန်ယူနောက်ခံလူ စမောလင်းက သူအနေနဲ့ မက်စီနဲ့ ယှဉ်ဆိုင်ရမှာ မစောင့်နိုင်တော့ဘဲ ကျေနပ်စရာ တစ်ခုဖြစ်တယ် လို့ ပြောဆိုလိုက်ပါတယ်။

စမောလင်းက “ဒီညကတော့ ကျေနပ်စရာကောင်းမှာမှာပါ။ ဒီရာသီမှာ ကံကောင်းခြင်းတွေနဲ့ တွေဆုံခဲ့ပြီး ပီအက်စ်ဂျီကိုလည်း အနိုင်ယူပြထားနိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရော်နယ်ဒို ၊ ဘတ်ပေစတဲ့ ကစားသမားတွေနဲ့ တွေ့ဆုံခဲ့ကတည်းက ကံကောင်းလာတယ်လို့ ယူဆရမှာပါ။ အခုလည်း မက်ဆီနဲ့တွေ့နေတဲ့အပေါ် စိန်ခေါ်မှု တစ်ရပ်ဖြစ်တာကြောင့် ကျေနပ်စရာပါလို့ ” လို့စမောလင်းက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

မန်ယူအသင်းက ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းကို အနိုင်ယူပြီး တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းကတော့ လက်ရှိ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပုံစံကောင်း ရနေပေမယ့်  နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြထားပြီး ဘာစီလိုနာအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၃ ဂိုးထိသွင်းယူပေးထားနိုင်ခဲ့တဲ့ မက်စီကို မန်ယူနောက်ခံလူ စမောလင်း ဘယ်လိုထိန်းချုပ်သွားမလဲဆို စိတ်ဝင်စားဖို့ အရမ်းကောင်းနေပါပြီ။

 

 


10 Apr 2019     1,472 Views




RELATED

Most Popular of Football

Most Popular of Sport