BEC-TERO TV

နိုင်ငံစီပွားရေးကျဆင်းပေမယ့်မလေးရှားဘဏ်လုပ်ငန်းထိခိုက်မှုမရှိတဲ့သတင်း

21 Aug 2015     1,270 Views


နိုင်ငံရဲ့စီးပွားရေးကျဆင်းပေမယ့်ပြင်ပအကြောင်းရင်းတွေကြောင့်မလေးရှားဘဏ်လုပ် ငန်းမှာထိခိုက်မရှိဘူးလို့မလေးရှားမေဘဏ့် ဥက္ကဋ္ဌ အက်ဘ်ဒူ ဖာရစ် အာလီယက်စ်က ကွာလာလမ်ပူမှာပြုလုပ်တဲ့မေဘဏ့် ဘဏ်ခွဲဖွင့်ပွဲမှာပြောကြားလိုက်တာဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းကဏ္ဍဟာလည်ပတ်နေတဲ့ငွေလုံးငွေရင်းအချိုးဟာ ၁၅.၂ရာခိုင်နှုန်းရှိပြီး ဒီပမာဏဟာ ၂၀၁၀ပြည့်နှစ်ကထက်စာရင် ၀.၄ရာခိုင်နှုန်းတိုးမြှင့်မှုနဲ့ရှိတယ်လို့ပြောပါ တယ်။လက်ရှိမှာငွေကြေးလဲလှယ်ဈေးနှုန်းမတည်ငြိမ်မှုဖြစ်ပွားနေတာဟာမလေးရှားငွေကြေးရင်းဂစ်တစ်ခုတည်းကသက်ရောက်နေတာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်။မနှစ်ကစက်တင်ဘာလကတည်းက ရုရှားရူဘယ်ငွေကြေး၄၀ရာခိုင်နှုန်းကျဆင်းတာနဲ့ ဘရာဇီးငွေကြေး ၃၅ရာခိုင်နှုန်းကျဆင်းနေတာတွေထက်စာရင်ရင်းဂစ်ဈေးနှုန်းနည်း နည်းပဲကျတာကစိတ်သက်သာရတယ်လို့လည်းပြောပါတယ်။စီးပွားရေးကျဆင်းတာဟာ ပြင်ပအကြောင်းအရင်းတွေကြောင့်ဖြစ်ပေမယ့်ပြီးခဲ့တစ်ပတ်တုန်းကတရုတ်ယွမ်ငွေ ၃ရာခိုင်နှုန်းနီးပါးကျဆင်းတာကငွေကြေးဈေးကွက်ကိုသတ်ရောက်မှုရှိသေးခဲ့တယ်လို့ ပြောပါတယ်။


21 Aug 2015     1,270 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS