BEC-TERO TV

အမျိုးသမီးရဲ့ မျက်ကြည်လွှာအောက် ဝင်ရောက်နေထိုင်သော ပျားသုံးကောင်ကိုရှာဖွေတွေ့ရှိ

11 Apr 2019     1,769 Views


တရုတ်၊ တိုင်ပေ ရှိအမျိုးသမီး တစ်ဦးဟာ မခံမရပ်နိုင်မျက်လုံးနာပြီး ယောင်ကိုင်းလာတာကြောင့် တိုင်ပေရှိ ဖူယင်း တက္ကသိုလ်ဆေးရုံသို့ သွားရောက်ပြသခဲ့ပါတယ်။ သူမဟာ သာမန်မျက်စိရောဂါကြောင့် မျက်လုံးအထူးကုနဲ့ပြသခဲ့ရာ ဆရာဝန်က သူမရဲ့ မျက်ကြည်လွှာကို ဓာတ်မှန်ရိုက်စစ်ဆေးခဲ့ပါတယ်။

Hung Chi Ting အမည်ရတဲ့ ဆရာဝန်ဟာ သူမမျက်လုံးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ မျက်ကြည်လွှာအောက်မှာ အင်းဆက်ပိုးမွှား တစ်ကောင်ကောင်ရဲ့ ခြေထောက်သဏ္ဍန်မျိုးပေါ်နေတာကို မြင်တွေ့ခဲ့ရပြီး သံသယနဲ့ ဆက်လက်အဖြေရှာတဲ့အခါ မျက်ကြည်လွှာအောက်မှာ ပျားသုံးကောင် ဝင်ရောက်ကိန်းအောင်းနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ မျိုးရိုးနာမည် He အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ ဒီကိစ္စမဖြစ်ပွားမီ ဆွေမျိုးများမြုပ်နှံထားရာ ဂူသင်္ချိုင်းကို သွားရောက်လည်ပတ်ခဲ့ပြီး ထိုနေရာမှာပျားများစွာရှိနေခဲ့ပြီး သူမမျက်လုံးထဲကို ဝင်ခဲ့တာဖြစ်မယ်လို့ ထွက်ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ အမျိုးသမီး He မျက်လုံးထဲက ပျားသုံးကောင်းကို အောင်မြင်စွာထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆရာဝန်ရှင်းပြချက်အရ ပျားသုံးကောင်းဟာ သူမရဲ့ မျက်ကြည်လွှာထဲမှာနေထိုင်ပြီး မျက်ရည်တွေကိုသောက်သုံးကာ အသက်ရှင်နေထိုင်နေတယ်လို့သိရပါတယ်။ ဆက်လက်ပြီး အမျိုးသမီး He ရဲ့အမြင်အာရုံကတော့ အရင်ကထက်အနည်းငယ်ဝေဝါးသွားမည်ဖြစ်ကြောင်း၊ ပျားဆိပ်တက်တာမျိုးတော့မတွေ့ရကြောင်း ပြောကြားသွားခဲ့ပါတယ်။

 

(ပိုပိုလေး)

 


11 Apr 2019     1,769 Views




RELATED

Most Popular of Special or Others

Most Popular of NEWS