ကူလီဘာလီ ကို စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင်သန်း ၉၀ နဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတဲ့ မန်ယူ
12 Apr 2019 1,964 Views

မန်ချက်စတာ ယူနိုက်တက်အသင်းက နာပိုလီ နောက်ခံလူ ကူလီဘာလီကို စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် သန်း ၉၀ နဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ မန်ယူနည်းပြဆိုးရှား အသင်းမှာအားနည်းနေတဲ့ ခံစစ်အပိုင်းကို ပြုပြင်နိုင်ရန် ကူလီဘာလီ မရပါက ရီးရဲလ်မက်ထရစ် နောက်ခံကစားသမား ဗာရိန်း နဲ့ စပါးနောက်ခံလူ အယ်ဒါဝဲယား တို့ကို စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။
အသက် ၂၇ အရွယ် ကူလီဘာလီဟာ နာပိုလီအသင်းနဲ့တူ ခြေစွမ်းပြကစားထားနိုင်ပြီး အသင်းကြီးအများစု ခေါ်ယူနေကြတာပဲဖြစ်ပါတယ်။ ကူလီဘာလီဟာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၁၃ အထိ ချုပ်ဆိုထားတာဖြစ်ပါတယ်။

မနေ့က ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ အာဆင်နယ်အသင်း ၂-၀ ဖြင့်ရှုံးနိမ့်တဲ့ ပွဲစဉ်မှာ ကူလီဘာလီဟာ အာဆင်နယ်ကွင်းလယ်ကစားသမား တော့ရဲယားရဲ့ ကန်ချက်ကို ကာကွယ်ရာမှာ သူခြေထောက်နဲ့ ထိခဲ့ OG ဂိုးပေးခဲ့ရပါတယ်။






