BEC-TERO TV

ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး အာရှကစားမားဖြစ်လာတဲ့ ဆွန်ဟောင်မင်

18 Apr 2019     1,708 Views


တောင်ကိုရီးယားအသင်းနှင့် စပါးအသင်းတောင်ပံကစားသမား ဆွန်ဟောင်မင် ဟာ မန်စီးတီးအသင်းနဲ့ ကစားတဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်းယူပေးပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးရရှိတဲ့ အာရှကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

စပါးအသင်းဟာ မန်စီးတီးအသင်းနဲ့ကစားတဲ့ပွဲမှာ နှစ်ကျော့ပေါင်း ၄-၄ ဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဆွန်ဟောင်မင်က ၃ ဂိုးအထိသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ချန်ပီယံလိဂ်သွင်းဂိုးပေါင်း ၁၂ ဂိုးအထိရှိလာပြီး ဒိုင်နမိုကိတ် နဲ့ ဥဘတ်ကစ္စတန် ကစားသမား မက်ဆင်ရှာစကီးထက် သွင်းဂိုးပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ အရွယ် ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ  ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ အထိရှိလာပြီး စပါးအသင်းအတွက် မရှိမဖြစ် ကစားသမားဖြစ်ပါတယ်။မန်စီးတီးကိုအနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်ရာမှာ ဆွန်ဟောင်မင်က အဓိက နေရာမှပါဝင်ခဲ့ပြီး အာရှ၏ အကောင်းဆုံး ဘောလုံး ကစားသမားလို့ ပြောရင်မှားမည်မထင်....


18 Apr 2019     1,708 Views




RELATED

Most Popular of Football

Most Popular of Sport