BEC-TERO TV

ဖူခက်တွင် မြန်မာလုပ်သားတဦး ဓါးထိုးခံရပြီး သေဆုံး

18 Apr 2019     1,860 Views


ထိုင်းနိုင်ငံ ဖူခက် သာလန်းစီရင်စုတွင် မြန်မာအလုပ်သမားတစ်ဦး ဧပြီလ ၁၇ ရက်နေ့ညက သူငယ်ချင်းများနဲ့ ဝိုင်းဖွဲ့အရက်သောက်ကြစဉ် လက်သည်မပေါ်ပဲ ဓါးထိုးခံရပြီး သေဆုံးခဲ့ကြောင်း ဖူခက်ရဲအဖွဲက သတင်းထုတ်ပြန်ခဲ့သည်။
 
 
ဖြစ်စဉ်မှာ ပနာဆွန်အိမ်ယာစီမံကိန်းရှိ အလုပ်သမားများနေထိုင်ရာနေရာတွင် မနေ့ည ၁၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဓါးထိုးခံရပြီး သေဆုံးသူမှာ အသက် ၃၀ အရွယ် မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။
 
 
 
 
ရင်အုံတွင် ဓါးဒဏ်ရာဖြင့် သွေးများထွက်ကာ သေဆုံးနေပြီဂ အနီးနာတွင် အရက်ပုလင်းခွံများလည်း တွေ့ရှိခဲ့ပါတယ်၊ အလောင်းကို သာလန်းဆေးရုံကြီးသို့ ပိုဆောင်ခဲ့ကြောင် သိရှိရသည်။ အဆိုပါ အလုပ်သမားတန်းလျားတွင် နေထိုင်သူများ၏ အဆိုအရ သေဆုံးသူဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ အတူတူအရက်သောက်ခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး အတူအရက်သောက်ခဲ့ကြတဲ့ အမျိုးသားတစ်ဦးက သူတို့အားလုံး မူးနေကြပြီး သူ့သူငယ်ချင်းကို ဘယ်သူသတ်သွားလဲဆိုတာ မသိကြောင်း ပြောဆိုခဲ့ပါတယ်။ လေလောဆယ်မှာတော့ ထိုင်းရဲများက အမှုကို ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။

18 Apr 2019     1,860 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS