BEC-TERO TV

ဆူကီဟော့ပေါ့ဆိုင်တွင် ဂက်စ်မီးဖိုပေါက်ကွဲပြီး စားသုံးသူဒဏ်ရာရ

18 Apr 2019     1,808 Views


ထိုင်နိုင်ငံတွင် လတ်တလော နာမည်ကျော်ကြားနေတဲ့ အစားအသောက်ဖြစ်တဲ့ ထိုင်းဆူကီ ရောင်းချသော ဘန်ကောက်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဂက်စ်မီးဖို ပေါက်ကွဲမှုကြောင့် စားသုံးသူအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
 
 
မျက်မြင်သက်သေတစ်ဦး၏အဆိုအရ စားသုံးသူ၏ရှေ့ စားပွဲပေါ်တွင် ချက်ပြုတ်ရန် တင်ထားသော ဂက်စ်မီးဖိုအသေးစားမှာ အပူလွန်ကဲပြီး ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မှ လာရောက်ကူညီကာ ဆေးရုံတင်ပို့ခဲ့ကြောင်း ထိုင်းမီဒီယာသတင်းတွင်ဖော်ပြထားသည်။
 
 
 
အဆိုပါသတင်းကို လူမှုကွန်ယက်ပေါ်တင်ခဲ့ရာ မျှဝေသူ၊ ဝင်ရောက်ရေးသားသူများစွာရှိနေပြီး ဂက်စ်မီးဖိုအသေးစားများက အချိန်မရွေးပေါက်ကွဲတတ်တာကြောင့် သတိထားကြရန် ထိုင်းဆူကီကြိုက်သူများကြားတွင် အချင်းခြင်း နှိုးဆော်လျှက်ရှိသည်။
 

18 Apr 2019     1,808 Views




RELATED

Most Popular of Special or Others

Most Popular of NEWS