BEC-TERO TV

ဓါတ်ဆီဆိုင်နား ဆေးလိပ်သောက်သူကို ပညာပေးလိုက်တဲ့ဝန်ထမ်း (ရုပ်သံ)

18 Apr 2019     1,639 Views


ဓါတ်ဆီဆိုင်ဆိုတာ မီးလောင်လွယ်တဲ့ လောင်စာအပြည့်နဲ့မို့ ဆေးလိပ်မသောက်ရဘူးဆိုတာ ကလေးအအစ နားလည်ထားပါတယ်။ ဒါပေမယ့် ဒီလိုအသိစိတ်မျိုးမရှိပဲ ကိုယ်လုပ်ချင်ရာလုပ်ပြီး တားလို့မရတဲ့ အမျိုးသားကို ဆီဆိုင်ဝန်ထမ်းက လှလှပပကြီးပညာပေးခဲ့ပါတယ်။
 
ဓါတ်ဆီဆိုင်အပေါက်ဝမှာ ကားရပ်ပြီး ကားထဲမှာ ဆေးလိပ်သောက်နေတဲ့ အမျိုးသားကို ဆိုင်ဝန်ထမ်းက ဆေးလိပ်မသောက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် ဂရုမစိုက်ပဲ ဆက်သောက်နေတာကြောင့် ဝန်ထမ်းက လက်ထဲမှာ အသင့်ယူလာတဲ့ မီးသတ်ဆေးဗူးနဲ့ ကားထဲကို ထိုးဖြန်းပြီး ဆေးလိပ်မီးငြိမ်းအောင် လုပ်ခဲ့ပါတယ်။
 
အဲဒီအချိန်မှာ စိတ်ဆိုးမာန်ဆိုးနဲ့ ကားထဲကနေ ထွက်လာပြီး ဝန်ထမ်းကို ထိုးကြိတ်ဖို့ လုပ်တာကြောင့် နောက်ထပ်တစ်ကြိမ် မီးသတ်ဆေးဗူးနဲ့ မှုတ်ဖြန်းခဲ့ပါတယ်။ အဲဒီနောက် အခြားဆိုင်ဝန်ထမ်းတွေ ရောက်လာပြီး အမျိုးသားကို ဝိုင်းဝန်းဆွဲခေါ်သွားတာကို စီစီတီဗီရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။
 
 
ဓါတ်ဆီဆိုင်အနီး ဆေးလိပ်သောက်ခဲ့တဲ့ အမျိုးသားကို ရဲအဖွဲ့က ထိန်းသိမ်းပြီး ၃ ရက်အချုပ်ကျခဲ့ကြောင်း တရုပ်သတင်းမီဒီယာ ရှန်ဟိုင်းရစ်မှာ ဖော်ပြပါရှိသည်။

18 Apr 2019     1,639 Views




RELATED

Most Popular of Special or Others

Most Popular of NEWS