BEC-TERO TV

ယန်ဇီမြစ်ပေါ်ကနေ ကားမောင်းပြီး မိုးပျံခုန်ကျော်ပြခဲ့တဲ့ လူစွန့်စား (ရုပ်သံ)

18 Apr 2019     1,631 Views


တရုပ်နိုင်ငံက အသက် ၄၀ အရွယ် “လီကွေ့လောင်း” ဆိုသူ လူစွန့်စား အမျိုးသားတစ်ဦးဟာ ကားကို အရှိန်အမြင့်ဆုံးတင် မောင်းနှင်ကာ ကွေးဟိုင်စီရင်စုက ၇၅.၆ မီတာ ကျယ်တဲ့ ယန်ဇီမြစ်ပေါ်ကို မိုးပေါ်ကနေ ဖြတ်မောင်းပြသွားခဲ့ပါတယ်။
 
သူ့ရဲ့စွန့်စားမှု အောင်မြင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တုန်းက မြစ်ဝါမြစ်ရဲ့ ဟူကောင်းရေတံခွန်ကို ကျော်ဖြတ်မောင်းနှင်တဲ့ စံချိန်နှစ်ဆနီးပါး တင်နိုင်ခဲ့ပါတယ်။
 
 
ရုပ်သံအရ “လီ”ဟာ မြစ်ရဲ့အခြားတစ်ဖက်ကို အောင်မြင်စွာ ကျော်ဖြတ်ရောက်ရှိခဲ့ပေမယ့် ကားနဲ့အတူ ကြမ်းကြမ်းတမ်းတမ်း ပြုတ်ကျသွားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသာစုနဲ့ ပရိသတ်တွေကို သူဘာမှထိခိုက်ဒဏ်ရာမရကြောင်း အွန်လိုင်းပေါ်ကနေ ပြောကြားခဲ့ပါတယ်။ ကားရဲ့ ပျက်ဆီးမှု အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရပါ။
 

18 Apr 2019     1,631 Views




RELATED

Most Popular of Special or Others

Most Popular of NEWS