BEC-TERO TV

ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းတွေ့ ဆုံလို့ ကျေနပ်နေတဲ့ ဂျာဂန်ကလော့ပ်

18 Apr 2019     1,753 Views


ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ကစားရမှာကို ကျေနပ်ပျော်ရွှင်မိတယ်လို့ လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်က ပြောလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပေါ်တိုအသင်းကို အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီးနောက် ဆီမီးဖိုင်နယ်ကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ လီဗာပူးလ်တို့ ပြိုင်ပွဲတခုမှာ တွေ့ဆုံရတာဟာ အမှန်တကယ် ကောင်းမွန်တဲ့ သတင်းဖြစ်ပြီး ကောင်းမွန်တဲ့ပြိုင်ပွဲ ဖြစ်လာမယ်လို့ ကလော့ပ်က ဆိုပါတယ်။ဆီမီးဖိုင်နယ်ကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဟာ ကြီးမားတဲ့ ဖော်ပြချက်ဖြစ်ပြီး ဘာစီလိုနာကို ကျော်ဖြတ်ပြီး ရှေ့ဆက်သွားချင်တယ်လို့လည်း ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း လောလောဆယ် အခြေအနေမှာတော့ တနင်္ဂနွေနေ့မှာ ကစားရမယ့် ကာဒစ်နဲ့ပွဲကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး ဘာစီလိုနာနဲ့ ပွဲအတွက်တော့ ပြင်ဆင်ချိန် လုံလောက်စွာ ရရှိမှာဖြစ်တယ်လို့ ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။


18 Apr 2019     1,753 Views




RELATED

Most Popular of Football

Most Popular of Sport