BEC-TERO TV

လူပေါင်း ရာနဲ့ချီပါဝင်တဲ့ လိင်တူချင်း နမ်းကြတဲ့ အစီအစဉ်ကို ဈေးဝယ်စင်တာ တစ်ခုမှာပြုလုပ်

19 Apr 2019     1,649 Views


ဧပြီ ၁၈ ရက်က ကိုလံဘီယာ နိုင်ငံ ဘိုဂိုတာ မြို့တော်မှာရှိတဲ့ ဈေးဝယ်စင်တာ တစ်ခုမှာ လူပေါင်းရာနဲ့ချီပြီး LGBT လှုပ်ရှားမှုတွေကို ထောက်ခံတဲ့ အနေနဲ့ ကိုလံဘီယာမှာ လိင်တူချစ်သူတွေ စုဝေးပြီး အချင်းချင်း နမ်းရှုပ်တဲ့ အစီအစဉ် တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

 LGBT အသိုက်အဝန်း အဖွဲ့ဝင် ၃၀၀ လောက် စုရုံးပြီး လိင်တူချင်း နမ်းရှုပ်ပြကြတာ ဖြစ်ပြီး ဒီအစီအစဉ်မှာ လိင်တူ စုံမက်တာ မဟုတ်သူတွေပါ ကူညီ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရည်ရွယ်ချက်က လိင်တူ ချစ်ခင်သူ နှစ်ဦး နမ်းရှုပ်တာကို ခွဲခြားနှိမ့်ချတဲ့ သဘောမျိုး ရန်လိုမှုတွေ ကြုံတွေ့ နေရတဲ့ ဖြစ်ရပ်တွေကို တုံ့ပြန် ဆန္ဒပြတဲ့ အနေနဲ့ လူစည်ကားရာ ဈေးဝယ်စင်တာထဲမှာ အခုလို အစီအစဉ်မျိုး အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။


19 Apr 2019     1,649 Views




RELATED

Most Popular of International News

Most Popular of NEWS