BEC-TERO TV

အဲဗာတန်ကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် အသင်းပရိတ်သတ်တွေကို တောင်ပန်ခဲ့တဲ့ ဆိုးရှားလ်

22 Apr 2019     1,289 Views


မနေ့က မန်ယူအသင်းဟာ အဲဗာတန်အသင်းအိမ်ကွင်းမှာ ၄-၀ ဖြင့်အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြဆိုးရှားလ်က အသင်းပရိတ်သတ်တွေကို တောင်ပန်စကားပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် ခြေစွမ်းပိုင်းက ပြောစရာဖြစ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့အနေအထားတွေ ဖြစ်လာပါတယ်။

ပွဲအပြီးမှာ နည်းပြဆိုးရှားလ်က အသင်းပရိတ်သတ်တွေကို လက်နှစ်ဖက်ထောင် တောင်ပန်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် သတင်းစာရှင်းလင်းပွဲမှာလည်း အသင်းပရိတ်သတ်တွေကို တောင်ပန်ခဲ့ပြီး ရလဒ်ဆိုးတွေကနေ ရုံးထွက်ပြီး အကောင်းဆုံးအနေအထားနဲ့ ပြန်လာဖို့ ကြိုးစားမယ် လို့ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရမှတ် ၆၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာပါတယ်။ စပါးအသင်းအရေးနိမ့်နေခဲ့မှုကို အခွင့်ကောင်းမယူနိုင်ခဲ့သလို့ လက်ကျန် ၄ ပွဲမှာ ချလ်ဆီး ၊ မန်စီးတီး တို့ပါဝင်နေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တစ်ကယ်ကို ခက်ခဲ့တဲ့ အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။

 


22 Apr 2019     1,289 Views




RELATED

Most Popular of Football

Most Popular of Sport