BEC-TERO TV

ကာဒစ်အသင်းဘက်ကို ပင်နတီကန်သွင်းရာမှာ အချေအတင် ဖြစ်ခဲ့ကြတဲ့ ဆာလက် နဲ့ ဂျိမ်းမီနာ

22 Apr 2019     1,314 Views


မနေ့က လီဗာပူးလ်အသင်းက ကာဒစ်က ၀-၂ ဖြင့်အနိုင်ရရှိတဲ့ ပွဲစဉ်မှာ လီဗာပူးလ်ကစားတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလက် နဲ့ ဂျိမ်းမီနာ တို့ ပင်နတီကန်သွင်းဖို့ နဲ့ပါက်သက်ပြီး အနည်းငယ် အချေအတင့် ဖြစ်ခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းနဲ့ ကာဒစ်အသင်းတို့ဟာ ပထမပိုင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ၅၇ မိနစ်မှာ ကွင်းလယ်ကစားသမား ဝန်နယ်ဒန်က လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ထို့နောက် ပွဲချိန် ၈၁ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်သေချာစေမယ့်  ပင်နတီရရှိခဲ့ပါတယ်။ အဆိုပါဂိုးကို ဆာလက်က ကန်သွင်းယူဖို့အတွက် ဘောလုံးကို ကောက်ယူရာမှာ မီနာက ဆာလက်ထံမှ ပြန်လည်ရယူပြီး ပင်နတီကို ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဖြစ်အပျက်က မီနာက ဘောလုံးယူသွားတဲ့အချိန်မှာတော့ ဆာလက်ဟာ မျက်နှာညိုးသွားတဲ့ အနေအထားကို မီဒီယာတွေက အမိအရ ရိုက်ကူထားနိုင်ခဲ့ပါတယ်။လီဗာပူးလ်အသင်းမှာ ပင်နတီကန်သွင်းခွင့် ရရှိသူမှာ ဂျိမ်းမိနာဖြစ်သော်လည်း ဆာလက်က ဂိုးသွင်းအများဆုံးစာရင်းမှာ ပါဝင်နေခဲ့တာဖြစ်တာကြောင့် အဆိုပါဂိုးကို သွင်းယူချင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း မီနာက ကန်သွင်းခဲ့တာကြောင့် နောက်ပွဲတွေမှာ ရွှေဖိနပ်ဆုအတွက် ဆက်လက်သွင်းယူနိုင်ဖို့လိုအပ်နေပါတယ်။

ဆာလက်ဟာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးမှ အဂွဲရို ၊ အူဘာမီယန် နဲ့အတူရပ်တည်နေပြီး ၎င်းတို့နောက်မှာတော့ အသင်းဖော် မာနေးက ၁၈ ဂိုးနဲ့ရပ်တည်နေခဲ့ပါတယ်။

 


22 Apr 2019     1,314 Views




RELATED

Most Popular of Football

Most Popular of Sport