BEC-TERO TV

ဆီးချိုရောဂါရှိသူတွေ မစားသုံးသင့်တဲ့အစားအစာ(၆)မျိုး

22 Apr 2019     2,903 Views


၁။ သကြားဓာတ်များသောအစားအစာများ

များသောအားဖြင့် ဆီးချိုရောဂါဖြစ်သူအများစုဟာ သကြားပါတဲ့ အချိုအစားအစာတွေကို ကြိုက်နှစ်သူတွေဖြစ်ကြပါတယ်။ ဆီးချိုရောဂါဆိုတာမျိုးက ခန္ဓာကိုယ်မှာ သကြားဓာတ်လွန်ကဲနေတာကြောင့် ဖြစ်ပွားတဲ့ ရောဂါလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် သကြားဓာတ်များတဲ့ ကိတ်ခရင်တို့ ကွတ်ကီးတို့ စားသုံးခြင်းဟာ ခန္ဓာကိုယ်အတွက်အကျိုးမရှိစေပဲ ဆိုးကျိုးများရရှိစေနိုင်ပါတယ်။

၂။ အသီးဖျော်ရည်

သဘာဝအသီးတွေကို blender ထဲထည့်ရောကြိတ်လိုက်ပြီး ဖျော်လိုက်ခြင်းဟာ အသီးမှာရှိတဲ့ အမျှင်ဓာတ်ကို ထုတ်ဖယ်လိုက်သလိုပါပဲ။ အသီးတွေမှာ အမျှင်ဓာတ်နဲ့ သကြားဓာတ်ညီညွှတ်မျှတစွာပါဝင်တာကြောင့် အမျှင်ဓာတ်တွေဖယ်ထုတ်ခံလိုက်ရတဲ့အခါ သကြားဓာတ်သာကျန်ရှိနေခဲ့မှာပါ။ ဒါကြောင့် ဆီးချိုသမားများအနေနဲ့ သဘာဝကရတဲ့အသီးတွေကို ဖျော်ရည်အဖြစ်ဖျော်မသောက်ပဲ ဒီတိုင်းအသီးအဖြစ်သာစားသုံးသင့်ပါတယ်။

၃။ အဆီအနှစ်ပြည့်ဝတဲ့ဆန်

အဆီအနှစ်ပြည့်ဝတဲ့ ဆန်တွေဆိုတာ ကောင်ညှင်းဆန်၊ ရှမ်းဆန်တို့ကိုဆိုလိုတာဖြစ်ပါတယ်။ ဆီးချိုဖြစ်သူတွေဟာ ဒီဆန်တွေနဲ့ပြုလုပ်တဲ့ အစားအစာတွေကိုတတ်နိုင်သလောက်ရှောင်ကြဉ်တာအကောင်းဆုံးဖြစ်ပါ။ ဗမာဆန်၊ အတောင့်ရှည်သဏ္ဍန်ရှိတဲ့ ပေါ်ဆန်းမွှေး လိုဆန်မျိုးတွေစားသုံးတာက ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံးပါပဲ။

၄။ နို့နှင့် နို့ထွက်အစားအစာများ

ဆီးချို သမားတွေဟာ အဆီအနှစ်ပြည့်ဝတဲ့ နို့ခဲ၊ မလိုင်၊ ချိစ်၊ ဒိန်ချဉ်၊ ဒိန်ခဲတွေ တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးချိုသမားတွေ အဆီအနှစ်ပြည့်ဝတဲ့အစားအစာမျိုး မဖြစ်မနေစားသုံးချင်တယ်ဆိုရင်တော့ ထောပတ်သီး နဲ့ သဘာဝကထွက်ရှိတဲ့အုန်းနို့ ကိုစားသုံးတာအသင့်တော်ဆုံးပါပဲ။

၅။ ဆီကြော်စာများ

ဆီးချိုသမားတွေအတွက်တော့ ဆီကြော်စာတွေဟာ သေမင်းကိုလက်ယက်ခေါ်နေသလိုပါပဲ။ ဆီကြော်စာ စားသုံးခြင်းဟာသွေးထဲက သကြားဓာတ်ကို မြှင့်တက်လာစေမှာဖြစ်ပါတယ်။ မသန့်တဲ့ဆီနဲ့ကြော်ထားတဲ့ ဆီကြော်စားများကို စားသုံးမိရင် ရောဂါအခြေအနေပိုဆိုးနိုင်တာကြောင့်လုံးဝမစားသုံးသင့်ပါဘူး။

၆။ အရက်

ဆီးချိုဆိုင်ရာ ကျန်းမာရေးဆရာဝန်တွေ လေ့လာစစ်ဆေးချက်အရ အရက်အလွန်အကျွံသောက်သုံးသူတွေဟာ ဆီးချိုရောဂါအဖြစ်များလေ့ရှိကြောင်းတွေ့ ရှိရပါတယ်။ အရက်မှာပါဝင်တဲ့ သကြားဓာတ်ဟာများပြားလွန်းတာကြောင့် ခန္ဓာကိုယ်တွင်းသွေးဖိအားကို မငြိမ်မသက်ဖြစ်စေပါတယ်။
 
ဒီလောက်ဆို ဆီးချိုဖြစ်တဲ့ မိတ်ဆွေတွေလဲ ဘာကို အဓိကထားပြီးရှောင်ကြဉ်သင့်တယ်ဆိုတာသိလောက်ပြီထင်ပါတယ်။ ဆီးချိုမဖြစ်တဲ့ မိတ်ဆွေတွေအနေနဲ့လဲ ဒီအစားအစာမျိုးတွေများများစားသုံးခြင်းဟာ ဆီးချိုဖြစ်စေနိုင်တယ်ဆိုတာ သိသွားပြီမို့ တတ်နိုင်သမျှရှောင်ကြဉ်နိုင်စေဖို့မျှော်လင့်မိပါတယ်။
 
(ပိုပိုလေး)

 


22 Apr 2019     2,903 Views




RELATED

Most Popular of Health Fix

Most Popular of Life Style