BEC-TERO TV

ပရီးမီးယားလိဂ် ၊လာလီဂါ ၊ စီးရီးအေ တို့မှာ အမှတ်ပေးဖလားတွေကို ပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒို

22 Apr 2019     1,488 Views


ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်မှာ ထွက်ခဲ့ရသော်လည်း ပြီးခဲ့တဲ့အပါတ်က ဖ်ီအိုရင်တီးနားအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဖလားကို ၈ ကြိမ်ဆက် ရရှိခဲ့ဖြစ်ပါတယ်။ ရော်နယ်ဒိုလည်း ပရီးမီးယားလိဂ်၊လာလီဂါနဲ့ စီးရီးအေ အမှတ်ပေးဖလားတွေကို ပိုင်ဆိုင်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက ရာသီကုန်ရင် အသင်းက ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ပြီး ဂျူဗင်တပ်မှာနေဖို့ ၁၀၀၀ ရာခိုင်နှုန်း သေချာတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီးနောက် ရော်နယ်ဒို ဟာ ဂျူဗင်တပ်စ်အသင်းမှာ ဆက်လက်ကစားသွားဖို့ရှိနေပါတယ်။

 “အီတလီမှာ ကစားရတာပျော်စရာကောင်းပါတယ်။ အမှတ်ပေးဖလားလည်း ရရှိခဲ့ပါပြီ၊ ချန်ပီယံလိဂ်မှာတော့ ကံမကောင်းခဲ့ပါဘူး ၊ နောင်နှစ်ပြန်လာမှာပါ ၊ ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိသွားဖို့က ရာခိုင်နှုန်းအားဖြင့် ၁၀၀၀ % သေချာပါတယ်လို့  ” လို့ ရော်နယ်ဒိုက ဆိုပါတယ်။

 


22 Apr 2019     1,488 Views




RELATED

Most Popular of Football

Most Popular of Sport