BEC-TERO TV

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုက ဘယ်အသင်းက သိမ်းပိုက်မှာလဲ

22 Apr 2019     1,298 Views


ဒီနှစ် ပရီးမီးယားလိဂ်ပြီးဆုံးဖို့ ပွဲအနည်းငယ်သာ ကျန်တော့တဲ့အချိန်မှာ တစ်နှစ်တာ အကာင်းဆုံးကစားသမားဆု PFA ဆုအတွက် ရေးပန်စားနေတဲ့ စာရင်းလည်းထွက်ပေါ်လာခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းက ရွေးချယ်ပေးအပ်လေ့ရှိတဲ့ တစ်နှစ်တာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား PFA  ဆုအတွက် နောက်ဆုံးဆန်ကာတင် ၆ ဦးမှာ မန်စီးတီးက ၃ ဦးအထိ အများ ဆုံး ပါဝင်နေပြီး ဦးဆောင်နေပါတယ်။

အကာင်းဆုံးကစားသမားဆု PFA ဆုအတွက် ရေးပန်စားနေတဲ့ စာရင်းမှာ မန်စီးတီးမှာ စတားလင် ၊ အဂွဲရို ၊ ဘာနန်ဒိုဆေးဗား နှင့် လီဗာပူးလ်အသင်းမှ ဗန်ဒိုက် ၊ မာနေး နှင့် ချလ်ဆီးအသင်းမှ အီဒင်ဟာဇတ် တို့ပါဝင်လာခဲ့ပါတယ်။

လူငယ်အကောင်းဆုံးကစားသမားဆု အတွက်လည်း ရေပန်းစား နေတဲ့ ကစားသမားစာရင်းထွက်ပေါ်ခဲ့ပြီး မန်စီးတီး ကစားသမား စတာလင်း နဲ့ ဘာနန်ဒို ဆေးဗား လည်းပါဝင်နေခဲ့ပါတယ်။ထို့အပြင် လီဗာပူးလ်မှ အာနိုး ၊ ဝက်စ်ဟမ်းမှ ဒီကလန် ရစ်ဇ် ၊ ဘုန်းမောက်မှ ဒေဗစ် ဘရုတ် ၊ နှင့် မန်ချက်စတာယူနိုက်တတ်မှ မာကပ်ရပ်ဖို့စ် တို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်မှ ဆာလက် နဲ့ လူငယ်အကောင်းဆုံး ကစားသမားဆုကို မန်စီးတီးမှ ဆာနေးက ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွက် အကောင်းဆုံး ကစားသမားဆုကိုတော့ လာမယ့် ဧပြီ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်သွားမှာလို့သိရပါတယ်။


22 Apr 2019     1,298 Views




RELATED

Most Popular of Football

Most Popular of Sport