BEC-TERO TV

အိမ်ကွင်းမှာ ဘန်လေကိုမနိုင်ခဲ့လို လက်ကျန်ပွဲစဉ်တွေမှာ ရုံးကန်ရတော့မယ့် ချလ်ဆီး

23 Apr 2019     1,813 Views


မနေ့က ပရီးမီးယားလိဂ် ပွဲစဉ် မှာ ချလ်ဆီးအသင်းက ဘန်လေအသင်းကို အိမ်ကွင်းမှာ အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ၂-၂ ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပွဲအစ ၈ မိနစ်မှာတင် ဘန်လေအသင်းအတွက် ဦးဆောင်ဂိုးကို ဟန်းဒရစ် ကသွင်းယူပေးခဲ့ပါတယ်။

ထို့နောက် မကြာခင်မှာပဲ ချလ်ဆီးအသင်းဆီက ကောင်းမွန်တဲ့ တုန့်ပြန်မှုကြောင့် ချယ်လ်ဆီး အတွက်ဂိုးတွေကို ကွန်တေ၊ ဟီဂွါအင်တို့က (၁၂၊ ၁၄)မိနစ်တွေမှာ  ဆက်တိုက် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ အာဆင်နယ် နဲ့ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့မှုကို အခွင့်ကောင်းမယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်ရနေချိန်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ တောင်ပံကစားသမား အိုဒွိုင်း ဒဏ်ရာရသွားတာကြောင့်  နောက်ထပ် အပို နစ်နာမှုတစ်ခုဖြစ်ပြီး ချလ်ဆီးအနေနဲ့ကတော့ ဘန်လေအသင်းကို အိမ်ကွင်းမှာကစားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၂)ကြိမ်စလုံး အနိုင်မယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 


23 Apr 2019     1,813 Views




RELATED

Most Popular of Football

Most Popular of Sport