BEC-TERO TV

မှဲ့နှင့် မွေးရာပါအမှတ်များ

24 Aug 2015     1,442 Views


မွေးခင်းစကလေးတွေမှာမွေးရာပါအမှတ်တွေပါလာတက်ကြပါတယ်။တစ်နှစ် နှစ်နှစ်အတွင်းမှာလဲပျောက်သွားတက်ပါတယ်။ တစ်ချို့မှာတော့ ကျန်နေတက်ပြီးအရောင်ရင့်လာတက်ပါတယ်။ကလေးကြီးလာတာနဲ့အမျှပိုပြီးကြီးလာတက်ပါတယ်။သွေးကြောလေးတွေ အရေပြားထူလာတာတွေကနေဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။
 
သွေးကြောရာလေးတွေအနီစက်လေးတွေ ကြွက်သားမျှင်လေးတွေသွေးကြောစုလေးတွေလဲဖြစ်နိုင်ပါတယ် ။အရောင် ၊ပုံသဏ္ဍာန်မတူတဲ့မွေးရာပါအမှတ်တွေလဲ များစွာ ရှိနိုင်ပါတယ်။ကလေး ၁ဝယောက်မှာ ၁ယောက်လောက်က မွေးရာပါအမှတ်တွေပါလာတက်ကြပါတယ်။ပုံမှန်နဲ့ မတူ တဲ့ မှဲ့တွေကတော့ အရေပြားကင်ဆာဖြစ်နိုင်တဲ့အထိ အန္တာရာယ်ရှိနိုင်ပါတယ်။အရေပြားပေါ်မှာရှိတဲ့ ဆဲတွေဟာ အစုလိုက်အပြုံလိုက်ဖြစ်ပေါ်လာပါတယ် ၊ အရွယ်အစားဟာလဲ ပြောင်းလဲတက်ပါတယ် ၊မှဲ့ဟာယားလာတယ် နာလာတယ်သွေးထွက်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသဖို့လိုအပ်ပါတယ်။
 
မျိုးရိုးဗီဇလိုက်ခြင်းကြောင့် မဟုတ်ပဲကလေးရဲ့ သွေးကြောထဲမှာရှိတဲ့ဆဲတွေစုပုံလာတယ်၊ဆဲတွေသေခြင်းကနေ အနီရောင်အမှတ်လေးတွေပေါက်လာတယ်လို့ယူဆရပါတယ်။မွေးရာပါအမှတ်တွေဟာကလေးမှာကြာရှည်မရှိပဲနဲ့ ပျောက်ကင်းသွားတက်ပါတယ်။ကလေး ရဲ့မျက်ခွံပေါ်မှာ အနီစက်လေးတွေမွေးရာပါအမှတ်တွေရှိရင်တော့ကလေးရဲ့အမြင်အာရုံကိုထိခိုက်စေနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ အစားအသောက်လမ်းကြောင်းမှာအမှတ်တွေရှိနေခဲ့ရင်တော့ကလေး ရဲ့အသက်ရှူခြင်း အစားစားခြင်းကိုထိခိုက်စေနိုင်တဲ့အတွက် ဂရုစိုက်ရပါမယ်။
 
အနီရောင်အမှတ်လေးတွေဟာ ပေါက်ပြဲသွားပြီး အပြင်မှာ ရှိတဲ့ရောဂါပိုးတွေ ဝင်နိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ မွေးရာပါအမှတ်တွေ မှဲ့တွေဟာ သေချာကြီးကုသဖို့မလိုပါဘူး ဒါပေမဲ့ ကျန်းမာရေးကိုထိခိုက်လာရင် အမှတ်ရှိခြင်းကြောင့်စိတ်ဖိစီးမှုများလာရင်၊အလှအပဆိုင်ရာပြသာနာတွေဖြစ်လာရင် တော့ ကုသပေးလို့ရပါတယ်။ကုသမှုတွေက မှဲ့အမျိုးအစား အမှတ်အမျိုးအစားပေါ်မူတည်ပြီးကွဲပြားခြားနားပါတယ်။ကလေးငယ် စားသောက်မဲ့နေရာအသက်ရှူမဲ့နေရာမျိုးတွေမှာ နှာခေါင်းပိတ်နိုင်မဲ့နေရာမျိုးတွေမှာ ရှိမယ်ဆိုရင်တော့ သိသိခြင်းခွဲစိတ်ကုသမှုခံယူသင့်ပါတယ်။
 
ကလေးတွေမှာ ရှိလာနိုင်တဲ့မွေးရာပါအမှတ်လေးတွေ မှဲ့တွေကိုသိရှိိမယ်ဆိုရင် ၊ပြောင်းလဲမှုတွေဖြစ်လာရင်ဆရာဝန်နဲ့သွားရောက်ပြသမယ် ၊ဘယ်လိုမျိုးပြုစုကုသရမယ်ဆိုတာကိုသိရင် အန္တာရာယ် မဖြစ်နိုင်ပါဘူးလို့ ဆရာဝန်တွေက ပြောပြထားပါတယ်။

24 Aug 2015     1,442 Views




RELATED

Most Popular of Health Fix

Most Popular of Life Style