BEC-TERO TV

ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖြစ်ခြင်းအကြောင်းသိကောင်းစရာ

24 Aug 2015     1,576 Views


အဆိတ်အတောက်ကိုဖြေဖျောက်ပေးနိုင်တဲ့အစာအာဟာရ။ ခန္ဓာကိုယ်မှာပုံမှန်မဟုတ်တဲ့အညစ်အကြေးအဆိပ်အတောက်တွေကိုလက်ခံရရှိလာပြီဆိုရင် ခန္ဓာကိုယ်ထဲကအဂါင်္အဖွဲ့အစည်းတွေဟာ ဒီအဆိပ်အတောက်အညစ်အကြေးတွေကို ပြန်လည်စွန့်ထုတ်ပေးတက်ပါတယ်။အဆိပ်အတောက်တွေဟာ အချိန်ကြာမြင့်လာပြီ ပိုမိုစုပုံလာပြီဆိုရင်ကိုယ်အဂါင်္ အစိတ်အပိုင်းတွေဟာလဲ စွန့်ထုတ်မှုအားနည်းလာတက်ပါတယ်။
 
အားနည်းလာတဲ့အခါ အဆိပ်အတောက်အညစ်အကြေးတွေဟာခန္ဓာကိုယ်ထဲမှာသွေးလည်ပတ်မှုစနစ်ကနေပြီးတော့တစ်ခြားအဂါင်္အစိတ်အပိုင်းတွေကိုလဲဒီအဆိပ်အတောက်တွေဟာ ရောက်ရှိသွားနိုင်ပါတယ်။အညစ်အကြေးအဆိပ်အတောက်တွေကိုခန္ဓာကိုယ် အစိတ်အပိုင်းတွေက စွန့်ထုတ်ပေးပါတယ် ဥပမာအားဖြင့် ချွေးထွက်ခြင်းအားဖြင့် ၊အသက်ရှူလမ်းကြောင်းရဲ့အဆုတ်ကနေတဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်လည်ထုတ်ခြင်းဖြင့်၊ ဆီးကနေတဆင့် မစင်စွန့်ခြင်းကနေတဆင့် အညစ်အကြေးအဆိပ်တောက်တွေကို ပြည်လည်ပြီးတော့ သန့်စင်ပေးပါတယ်။
 
ထိုအညစ်အကြေးတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးလိုက်မယ်ဆိုရင် လွယ်လွယ် ကူကူအိပ်ပျော်စေနိုင်မယ်၊ခန္ဓာကိုယ်အလေးချိန်ကိုလဲ လျှော့ချပေးနိုင်မယ်၊လန်းလန်းဆန်းဆန်းနဲ့အားအင်ပြည့်ဖြိုးလာနိုင်မယ်၊အသားအရေတင်းရင်းမှုရှိလာပြီးအရေးအကြောင်းတွေလျှော့ပါးလာမယ်။ အညစ်အကြေးတေါကိုဖယ်ထုတ်တဲံအခါ အရေးအကြီးဆုံးကတော့အရေပြားပဲဖြစ်ပါတယ်။အရေပြားဟာခန္ဓာကိုယ်မှာ မပူချိန်မြင့်တက်လာတာ၊ ပြင်ပအပူချိန်မြင့်တက်လာတာ နဲ့ချွေးပြန်ပြီတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ကိုဖယ်ရှားပေးပါတယ်။
 
ကျောက်ကပ်ဟာလဲ ဆီးမှတဆင့် ခန္ဓာကိုယ် ရဲ့အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။အူမကြီးဟာလဲ နေစဉ်စားသောက်နေတဲ့အစားအစာမှ အဆိပ်အတောက်တွေကို မစင်အဖြစ်စွန့်ထုတ်ပေးတဲ့အတွက် အူမကြီးကို အမျှင်ပါတဲ့အစားအစာတွေစားသောက်ပေးခြင်းဖြင့် အူမကြီးကို သန့်စင်ပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။အဆိပ်ကိုဖြေဖျောက်နိုင်တဲ့အစားအသောက်တွေကတော့ နေ့စဉ်စားသောက်နေကြတဲ့ငရုတ်သီးဟာလဲ အစာချေဖျက်တဲ့စနစ်ကိုအားကောင်းစေပြီး သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်။
 
လက်ဆတ်တဲ့အသီးအနှံတွေကလဲ အစာချေဖျက်တဲ့စနစ်ကိုအားပေးပြီးခန္ဓာကိုယ်ရဲ့အဆိပ်အတောက်သန့်ရှင်းရေးကိုလဲ အထောက်အကူပေးပါတယ်။အဆိပ်သန့်စင်နေတဲ့အချိန်မှာ မစားသင့်တဲ့ အစားအစာတွေရှိပါသေးတယ် နွားနို့ ၊သကြား ၊ဂျုံတွေ ၊ကောက်ပဲသီးနှံတွေ ၊အသားတွေဟာ အဆိပ်သန့်စင်နေတဲ့ခန္ဓာကိုယ်ကချေဖျက်ပေးဖို့စွမ်းအင်တွေကို နှောင့်နှေးစေတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။ဒီလို နည်းတွေကို ဆောင်ရွက်ခြင်းဖြင့် ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ ။

24 Aug 2015     1,576 Views




RELATED

Most Popular of Health Fix

Most Popular of Life Style