လက်ရှိချစ်သူနဲ့ လူသိရှင်ကြားလက်တွဲဖြစ်တဲ့အကြောင်းကိုပြောပြလာတဲ့ လီကွမ်ဆူး
24 Apr 2019 1,349 Views

Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လီကွမ်ဆူးဟာပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၈ မှာ သရုပ်ဆောင်လီဆွန်းဘင်းနဲ့ ရည်းစားဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ကွမ်ဆူးဟာ လတ်တလောသရုပ်ဆောင်ထားတဲ့ “My Special Brother” အတွက် ပရိုမိုးရှင်းဆင်းနေရတာပဲဖြစ်ပါတယ်။ အဆိုပါ ပရိုမိုးရှင်းပွဲမှာ သူတို့ချစ်သူနှစ်ဦးရဲ့ လူနေမှုဘဝနေထိုင်မှုပုံစံအကြောင်းကို ဝေမျှလာပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
“ကျွန်တော်တို့ နှစ်ဦးဟာ တရားဝင်လူသိရှင်ကြားတွဲတာဖြစ်တဲ့အတွက် ပိုသတိထားရပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေဆဲပါ” လို့ပြောလာပါတယ်။ သူတို့နှစ်ယောက်တွဲနေတာကို မကြေငြာခင်နဲ့ ကြေငြာအပြီး ကွာခြားချက်ကိုလဲ ကွမ်ဆူးကရှင်းပြလာပါတယ်။ “အရင်းတုန်းကတော့ ကျွန်တော်တို့ အပြင်မှာတွေ့ကြလဲ အေးဆေးသာမန်ချစ်သူတွေလိုမျိုးတွေ့လို့ရတယ် ခုကျတော့အဲ့လိုလုပ်လို့မရတော့ဘူး ဘယ်သွားသွား သတိနဲ့နေရတယ်” ဆိုပြီးပြောထားပါတယ်။
လီကွမ်ဆူးဟာ လီဆွန်းဘင်းနဲ့ တွဲနေတာကို ဘာကြောင့်တရားဝင်ကြေငြာဖြစ်ခဲ့တယ် ဆိုတာကိုလဲ ရှင်းလင်းပြောကြားလာပါတယ်။ “ကျွန်တော်က လိမ်ရတာမကြိုက်ဘူး အချိန်တွေအကြာကြီးသူမနဲ့အတူရှိနေခဲ့ပြီး ပျော်ရွှင်ခဲ့ရတယ် ဒါကိုလိမ်စရာလို့ သတ်မှတ်မထားဘူး သူမကလဲအဲ့လိုယူဆပါတယ်” ပြီးပြောလာပါတယ်။
တဖန် လက်ထပ်ဖို့အစီအစဉ်ရှိမရှိ မေးမြန်းရာမှာတော့ “ကျွန်တော် လက်ထပ်လောက်တဲ့ထိတော့ ကြိုမတွေးထားမိဘူး၊ ကျွန်တော့်အနားမှာရှိတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကတော့ အိမ်ထောင်ကိုယ်စီနဲ့လက်ထပ်ပြီးကြပေမဲ့ ကျွန်တော်ကတော့ အဆင်သင့်မဖြစ်သေးဘူးလို့ထင်ပါတယ်။ လက်ထပ်ဖို့လောက်ထိ ကျွန်တော်မရင့်ကျက်သေးပါဘူး” ဆိုပြီး ဖြေထားပါတယ်။
လက်ထပ်တာ မထပ်တာက တစ်ကဏ္ဍပါ လက်ရှိမှာတော့ လိုက်ဖက်ညီလွန်းတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီး ကြည်နူးနေရပါတယ်။
(ပိုပိုလေး)