BEC-TERO TV

နိုင်ငံတစ်ကာ ရုပ်ရှင်ပြပွဲကို အလှဆုံးတက်ရောက်ခဲ့တဲ့ ၀တ်မှုန်ရွှေရည်

24 Apr 2019     2,115 Views


ပိုးသားလေးလို နူးညံ့ဖြူဖွေးလှတဲ့ အသားအရည်ကိုပိုင်ဆိုင်ထားပြီး နတ်သမီးလေးတစ်ပါးလို မြင်သူတကာကငေးရလောက်တဲ့ အလှပိုင်ရှင်လေးဖြစ်တဲ့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကတော့ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေကိုအချိန်အကြာကြီးရရှိထားသူဖြစ်ပြီး လက်ရှိမြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

ကလေးတစ်ယောက်လို အပြစ်ကင်းစင်ကာ ချစ်စရာကောင်းပြီးလှပလွန်းတာကြောင့် ကျား၊ မ မရွေး ပရိသတ်အားလုံးက ရွှေကစ်လေးကို တစ်ခဲနက်ဝန်းရံအားပေးနေကြတာပဲဖြစ်ပါတယ်။ ရွှေကစ်ရဲ့ အနုပညာနဲ့ သူမရဲ့အလှအပက နိုင်ငံရပ်ခြားထိပါ နာမည်ကြီးအောင်မြင်နေတာကြောင့် နိုင်ငံတစ်ကာနဲ့ယှဉ်ပြီး ဖိတ်ကြားတဲ့ပွဲတွေကိုလည်း တက်ရောက်နေရတာပါ။

ရွှေကစ်ကတော့ လက်ရှိမှာ “အိုကီနာဝါ” နိုင်ငံတစ်ကာ ရုပ်ရှင်ပြပွဲကြီးကို တက်ရောက်ရန် ဂျပန်နိုင်ငံကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ယခုလို နိုင်ငံတစ်ကာရုပ်ရှင်ပြပွဲကြီးမှာ အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်နဲ့ မိုရီဆာကီဝင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “My Country My Home-ဇာတိမြေ” ဆိုတဲ့ ရုပ်ရှင်ကား ပါဝင်ပြသခွင့်ရတဲ့အတွက် နိုင်ငံတစ်ကာရုပ်ရှင်ပြပွဲကြီးကို တက်ရောက်ဖို့ ဂျပန်မြေကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။

ဇာတိမြေ ဧပြီ ၂၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ OKINAWA International Movie Festival ရဲ့ red carpet နေ့မှာတော့ ရွှေကစ်တစ်ယောက် အလှဆုံးဖက်ရှင်နဲ့ ဆွဲဆောင်မှုရှိရှိတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ နတ်သမီးလေးလို အများကြားထဲထူးခြားလှပနေတဲ့ ရွှေကစ်လေးကတော့ ပွဲအလယ်မှာ အားလုံးရဲ့အကြည့်တွေကို ဖမ်းစားနိုင်ခဲ့မယ်ဆိုတာကတော့ မလွဲဧကန်ပါပဲနော်။ လှပပြီးတက်ကြွတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံကိုဖော်ဆောင်နေတဲ့ ရွှေကစ်ရဲ့နိုင်ငံတစ်ကာရုပ်ရှင်ပြပွဲမှ ပုံရိပ်တွေကို မျှဝေပေးလိုက်ရပါတယ်။

 

(ပိုပိုလေး)


24 Apr 2019     2,115 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment