မြောက်ကိုရီးယားခေါင်းဆာင် ကင်မ်ဂျုံအန်နဲ့ ရုရှားသမ္မတ ပူတင် တို့ ပထမဆုံးအကြိမ် တွေ့ ဆုံ
25 Apr 2019 1,826 Views

ယနေ့ မနက်အစောပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆာင် ကင်မ်ဂျုံအန်နဲ့ ရုရှားသမ္မတ ပူတင်တို့ ပထမဆုံးအကြိမ် အဖြစ် ရုရှားအရှေ့ဘက်စွန်းရှိ Russky ကျွန်းမှာ တွေ့ ဆုံခဲ့ကြပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးဟာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံအန်ကတော့ ပြီးခဲ့တဲ့ လပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ပြီးနောက် ပူတင်နဲ့ဆက်လက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

အကျိုးရှိတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ၊ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမှာမှုတွေကို လျှော့ကျစေရန် လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း ၊ နှစ်နိုင်ငံချင်း ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်လိုကြောင်း ကင်မ်ဂျုံအန်က ပြောခဲ့တာဖြစ်ပါတယ်။






