BEC-TERO TV

၂၀၀၉-၂၀၁၀ ဘောလုံးရာသီ အဖြစ်အပျက်ကို ကလဲ့စားပြန်ချေခဲ့တဲ့ ဂျက်ဆီ လင်ဂတ်

25 Apr 2019     1,485 Views


ယူနိုက်တက်အသင်းက မန်စီးတီးအသင်းကို ၀-၂ ဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ယူနိုက်တက်ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ့ကို ထိရုံဖြင့် ဂိုးအဖြစ်ပြောင်းလဲပေးနိုင်စေမယ့် အခွင့်အရေးကို အံအားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။

အဆိုပါဂိုးကိုသာ သွင်းဂိုးအဖြစ်ပြောင်းလဲနိုင်ပါက  နှစ်ဖက်အသင်း ပွဲချိန်အတွင်း ၁-၁ သရေရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့မှာဖြစ်ပါတယ်။ သို့သော်လည်း လွဲချော်ခဲ့တာကြောင့် ၆၆ မိနစ်မှာ ဆာနေးက မန်စီးတီးအသင်းအတွက် အနိုင်သေချာစေမယ် ဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲပြီးချိန်မှာ ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို ၀-၂ ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

၂၀၀၉ -၂၀၁၀ ​ဘောလုံးရာသီရဲ့ ပွဲစဉ်​ ၃၇ မှာ လီဗာပူးလ် ကွင်းလယ်လူ စတီဗင်ဂျာရတ် ဟာ ယူနိုက်​တက်​ဖလားမရဖို့ ချလ်ဆီးတိုက်စစ်မှူး ဒ​ရော့ဘာကို ဂိုးဖန်​တီး​ပေးခဲ့လို့ ဖြစ်ခဲ့ပါတယ်။ ပွဲပြီးချိန်မှာ ချလ်ဆီးအသင်းက လီဗာပူးလ်အသင်းကို ၀-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး ချလ်​ဆီးအသင်းဟာ ယူနိုက်​တက်​ထက်​ ၁မှတ်​အသာနဲ့ ၂၀၀၉- ၂၀၁၀ ​ဘောလုံးရာသီရဲ့ ချန်​ပီယံဖြစ်​ခဲ့ပါတယ်​။

အဆိုပါ လင်ဂတ် ရဲ့  လွဲချော်မှုကို လူမှုကွန်ယက်မှာ “လင်ဂတ်ကတော့ လီဗာပူးလ်အသင်းကို ဖလားမရစေချင်လို့ ဖြစ်မယ် ”  လို့ ပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ထိုနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။


25 Apr 2019     1,485 Views




RELATED

Most Popular of Football

Most Popular of Sport