BEC-TERO TV

စာသင်ကျောင်းကို ဝှက်ယူလာတဲ့ လက်ကိုင်ဖုန်းတွေကို တူနဲ့ရိုက်ခွဲခိုင်းပြီး အပြစ်ပေး (ရုပ်သံ)

26 Apr 2019     1,582 Views


စည်းကမ်းကြီးတဲ့ စတိတ်ကျောင်းအချို့မှာ ကျောင်းသားတွေ လက်ကိုင်ဖုန်းယူလာတာကို ခွင့်မပြုပါဘူး။ အကယ်၍ ခိုးပြီးယူလာတာ မိသွားရင် ဖုန်းကို တာဝန်ကျ ဆရာ/မ က သိမ်းသွားပြီး ကျောင်းသားမိဘကို ဆင့်ခေါ်ကာ စည်းကမ်းလိုက်နာဖို့ သတိပေးရင်း မိဘလက်ထဲ ဖုန်းပြန်အပ်တတ်ကြပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ဒါပေမယ့် တရုပ်နိုင်ငံက ကျောင်းတစ်ခုကတော့ စည်းကမ်းအလွန်တင်းကျပ်ပြီး ချိုးဖောက်တဲ့ ကျောင်းသားတွေကို နောင်ကျဉ်သွားအောင် အပြစ်ပေးပါတယ်။ ရုပ်သံမှာ စာသင်ကျောင်းကို လက်ကိုင်စမတ်ဖုန်း ဝှက်ပြီးယူလာတဲ့ ကျောင်းသားတွေကို မိသွားတဲ့အခါ တန်းစီခိုင်းပြီး သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို သံရိုက်တူနဲ့ ကိုယ်တိုင်ပြန်ရိုက်ခွဲခိုင်းတာကို တွေ့ရပါတယ်။
 
 
ဒီရုပ်သံပျံ့နှံ့ခဲ့ပြီး အွန်လိုင်းသုံးသူအချို့က ဒီလိုမျိုးအပြစ်ပေးတာဟာ ရက်စက်ပြင်းထန်လွန်းတယ်လို့ ဝေဖန်ကြပါတယ်။ သူတို့အကြံပေးတာကတော့ ကျောင်းသားတွေဆီက မိတဲ့ဖုန်းတွေကို စာသင်နှစ်တစ်နှစ်လုံး ပြန်မပေးပဲ သိမ်းထားပြီး ကျောင်းပိတ်ခါနီးမှ မိဘတွေကို ခေါ်ကာ ပြန်အပ်တာမျိုးလုပ်သင့်တယ်လို့ဆိုပါတယ်။ စာဖတ်သူကရော ဘယ်လိုမျိုး အပြစ်ပေးတာက ပိုပြီးထိရောက်မလဲဆိုတဲ့ အမြင်လေးကို မန့်ခဲ့ပါဦးနော်။

26 Apr 2019     1,582 Views




RELATED

Most Popular of Special or Others

Most Popular of NEWS