BEC-TERO TV

ဆွဲဆောင်မှုအပြည့်နဲ့ ကောက်ကြောင်းအလှတွေကို အနီးကပ်တွေ့မြင်ခံစားရမယ့် သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို

26 Apr 2019     2,611 Views


လက်ရှိမြန်မာ့အနုပညာလောကထဲမှာ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကို များစွာရရှိထားပြီး လျှမ်းလျှမ်းတောက်နာမည်ကြီးကျော်ကြားတဲ့ ထိပ်တန်းစာရင်းဝင်သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရပ်တည်နေတဲ့ သင်ဇာဝင့်ကျော်ကတော့ အောင်မြင်မှုတွေကိုသိမ်းပိုက်လာတာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အညီ သူမရဲ့နေထိုင်မှုပုံစံနဲ့ ဖက်ရှင်စတိုင်တွေလည်း ပြောင်းလဲလာခဲ့ပြီး ယခုဆိုရင် လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနာမည်ကြီးသည်အထိ သူမရဲ့အောင်မြင်မှုတွေက ပိုပိုလာခဲ့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာတစ်ခွင်ကို အမြဲဂယက်ထအောင်လုပ်နိုင်စွမ်းတဲ့ သင်ဇာကတော့ သူမရဲ့လှုပ်ရှားမှုမှန်သမျှကို စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရတာပဲဖြစ်ပါတယ်။

သင်္ကြန်တွင်းအားလပ်ရက်တွေကို မော်ဒိုက်ကမ်းခြေမှာ အပန်းဖြေအနားယူရင်းကုန်ဆုံးခဲ့တဲ့ သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ တင်းရင်းလုံးဝန်းတဲ့ သူမရဲ့အဖုအထစ်ကောက်ကြောင်းတွေကတော့ လူကြီး၊ လူငယ်ပရိသတ်တွေကြားထဲမှာ အလွန်ကိုရေပန်းစားပြီး ယောကျာ်းထုကြီးတစ်ခုလုံးရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ခံထားရသူဖြစ်ပါတယ်။ သို့တင်မက အမျိုးသမီးထုကြီးကပါ သူမရဲ့ကျစ်လစ်ပြီးဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကို အားကျနေရတာပါ။

ယနေ့မှာတော့ သင်ဇာဝင့်ကျော်က ဆွဲဆောင်မှုတွေပြင်းတဲ့ သူမရဲ့ကောက်ကြောင်းအလှတွေကို အနီးကပ်တွေ့မြင်ခံစားနိုင်မယ့် ဗီဒီယိုလေးတစ်ခုကို သူမရဲ့လူမှုကွန်ယက်မှာ တင်ထားတာကိုတွေ့ရပါတယ်။ ဘီကီနီဝမ်းဆက်လေးနဲ့ သူမရဲ့သဘာဝအလှတွေကတော့ မြင်ရသူတိုင်းကိုကြည့်မ၀အောင်ဖြစ်သွားစေမှာပါနော်။ အရမ်းအရမ်းကို ဟော့လွန်းတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုကို ပိုပိုလေးပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


26 Apr 2019     2,611 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment