BEC-TERO TV

Avengers: Endgame ကြည့်ပြီး ငိုရလွန်းလို့ ဆေးရုံတင်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူ (ရုပ်သံ)

26 Apr 2019     1,518 Views


Avengers ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲက အခုနောက်ဆုံး နိုင်ငံတစ်ကာမှာ ရုံတင်ပြသနေတဲ့ Avengers: Endgame ဇာတ်ကားရဲ့ အောင်မြင်မှုကတော့ ရုံမတင်ခင်ထဲကကို ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ရုပ်ရှင်ရုံမတင်မီထဲက ရုပ်ရှင်ကြိုတင်လက်မှတ်တွေ ကုန်သွားခဲ့ပြီး အွန်လိုင်းအရောင်းအဝယ် ဝဘ်ဆိုက်တွေမှာ လက်မှတ်တစ်စောင် ဒေါ်လာ တစ်သောင်းနီးပါးလောက်ထိ ရောင်းချနေတဲ့ထိ လူစိတ်ဝင်စားမှု အများဆုံး ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။
 
Avengers: Endgame ရုပ်ရှင်ကြည့်ပြီးသူတိုင်း ဝမ်းနည်းမျက်ရည်ကျရလောက်အောင် ဇာတ်လမ်းသွားရဲ့ တင်ပြပုံက လှပထိရှတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ အသက် ၂၁ နှစ်အရွယ် တရုပ်နိုင်ငံက တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်လိုတော့ ရင်ကွဲပက်လက်ဖြစ်အောင် ငိုကြမယ် မထင်ပါဘူး။
 
Avengers: Endgame ကြည့်ပြီး ရုံထဲမှာတင် ရှိုက်ကြီးတငင်ငင်ငိုကြွေးနေတဲ့ တက္ကသိုလ်ကျောင်းသူလေးဟာ ရုပ်ရှင်ပြီးသွားတဲ့ထိ မငိုမရပ်ပဲ ဆက်ငိုနေတာကြောင့် သူမရဲ့ အဆုတ်နဲ့ နှလုံးတို့ ထိခိုက်နွမ်းနယ်ပြီး သူငယ်ချင်းတွေက အရေးပေါ် ဆေးရုံပို့ခဲ့ကြရပါတယ်။ 
 
 
နောက်ထပ် သတင်းတစ်ခုကတော့ ဖိလစ်ပိုင်နိုင်ငံက ရုပ်ရှင်ရုံမှာ Avengers: Endgame ရုပ်ရှင်အတွက် လက်မှတ်တန်းစီသူတွေဟာ ကမ္ဘာပျက်သည့်အလား သူ့ထက်ငါ အလုအယက်တန်းစီ ဝယ်ယူနေကြတာကို အံ့သြစရာကောင်းလောက်အောင် တွေ့ခဲ့ရပါတယ်။
 
 
နောက်ထပ်အဖြစ်ပျက်တစ်ခုကတော့ စင်ကာပူနိုင်ငံမှာ ဧပြီ ၂၄ ရက်နေ့က Avengers: Endgame ကို ရုံထဲမှာ ပြသနေစဉ် စက်ချို့ယွင်းမှုကြောင့် ရုပ်ရှင်ဇာတ်ကားပြသမှု ပြတ်တောက်သွားတဲ့အတွက် ပရိသတ်တွေ ပြသနာရှာကြတာဖြစ်ပါတယ်။
 
 
ဒီလောက်တောင် နာမည်ကြီးလှတဲ့ Avengers: Endgame ကို မြန်မာနိုင်ငံရဲ့ JCGV ရုပ်ရှင်ရုံတွေမှာ ဧပြီ ၂၆ (ယနေ့) စတင်ပြီး အထူးပွဲတွေ ပြသနေပြီဖြစ်တာကြောင့် ဘယ်လောက်ကောင်းလဲ သိချင်ရင် ကိုယ်တိုင်အားပေးကြည့်ရှုနိုင်ကြပါပြီ။
 

26 Apr 2019     1,518 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS