BEC-TERO TV

Avengers ကို Captain America ၀တ်စုံကြီးဝတ်ပြီး သွားရောက်ကြည့်ရှုခဲ့တဲ့ စည်သူပလပ်ကျွတ်

26 Apr 2019     1,489 Views


ဒီကနေ့ဧပြီလ (၂၆) ရက်နေ့ကတော့ ရုပ်ရှင်ချစ်သူတိုင်း မျှော်လင့်စောင့်စားနေရတဲ့ Marvel ရုပ်ရှင်ထုတ်လုပ်ရေးကြီးရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ဖြစ်တဲ့ Avengers:End Game ကြီးကို ရုံစတင်ပြသတဲ့နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဟောလိဝုဒ်ရုပ်ရှင်တွေကို ချစ်မြတ်နိုးသူတွေအတွက် နိုင်ငံတစ်ကာနဲ့အညီ ယနေ့မှာပင်ရုံစတင်ပြသနေပြီဖြစ်ပြီး ရုံမတင်ခင်ကတည်းက လက်မှတ်တွေဝယ်မရတော့လောက်အောင်ထိ ရုပ်ရှင်ချစ်သူတွေအားလုံးက စောင့်ဆိုင်းအားပေးနေကြတာဖြစ်ပါတယ်။

ထိုထဲတွင် မြန်မာ့သူရဲကောင်းကြီးလို့ စနောက်ခေါ်ဝေါ်ကြတဲ့ စည်သူပလပ်ကျွတ်ကလဲ Avengers ရဲ့ပရိသတ်တစ်ယောက်ဖြစ်ပါတယ်။ စည်သူပလပ်ကျွတ်ရဲ့ ဟီးရိုးတွေအပေါ်ရူးသွပ်မှုကြီးကတော့ အားလုံးလဲသိပြီးသားဖြစ်မှာပါ။ ဟောလိဝုဒ်က လူစွမ်းကောင်းတွေကိုနှစ်ခြိုက်သဘောကျတဲ့ စည်သူပလပ်ကျွတ်ကတော့ ရှိုးပွဲတစ်ခုမှာ စပိုက်ဒါမန်းဝတ်စုံဝတ်ပြီး သီချင်းဆိုဖျော်ဖြေခဲ့ရာမှ အများကသတိထားမိခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ဝေဖန်မှုတွေကို ခံခဲ့ရသလို အားပေးတဲ့ပရိသတ်တွေကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။

ဟီးရိုးတွေ၊ သူရဲကောင်းဇတ်ကောင်တွေကို အရမ်းရူးသွပ်တဲ့ စည်သူပလပ်ကျွတ်ကတော့ ဝေဖန်မှုတွေကြားကပဲ Black panther၊ Dead Pool၊ Bad Man တို့အပြင် တစ်ခြားသောစူပါဟီးရိုးတွေရဲ့ ၀တ်စုံကိုဝတ်စားကာ ဖိတ်ကြားထားတဲ့ပွဲတွေကို တစ်ခုပြီးတစ်ခုတက်ရောက်ခဲ့တဲ့ထိ Heroes အပေါ်ရူးသွပ်သူတစ်ယောက်ပါ။ Avengers ရဲ့ပရိသတ်တစ်ယောက်ဖြစ်တဲ့ စည်သူပလပ်ကျွတ်ကတော့ Avengers:End Game ကို ပထမဆုံးရုံတင်ပြသတဲ့ရက်၊ ပထမဆုံးရုံတင်ပြသချိန်မှာပင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။

စည်သူပလက်ကျွတ်ဟာဆိုရင် Avengers ကိုရိုးရိုးတန်းတန်းသွားကြည့်ခဲ့တာမဟုတ်ပဲ တစ်မူထူးခြားစွာ Captain America ၀တ်စုံကို ၀တ်ဆင်ပြီးသွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ Avengers လိုရုပ်ရှင်ကိုမှ Captain Americe ၀တ်စုံဝတ်ပြီး သွားရောက်ကြည့်ရှုခဲ့ခြင်းကြောင့် ပရိသတ်များစွာက စည်သူပလပ်ကျွတ်ကို ပြင်းထန်စွာဝေဖန်နေတာကိုလည်း တွေ့ရပါတယ်။ ပိုပိုလေးပရိသတ်ကြီးအတွက် Captain America ၀တ်စုံကြီးနဲ့ Avengers ကိုသွားရောက်ကြည့်ရှုခဲ့တဲ့ စည်သူပလပ်ကျွတ်ရဲ့ ပုံတွေကိုဝေမျှပေးလိုက်ပါတယ်။

 

Photos_Popular Journal

(ပိုပိုလေး)


26 Apr 2019     1,489 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment