နွေရာသီမှာ သရက်သီးအစိမ်းစားခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေးဇူးများ
26 Apr 2019 2,643 Views

နွေရာသီရဲ့ ရာသီပေါ်စာဖြစ်တဲ့သရက်သီးစိမ်းကို ဆားလေး၊ ငပိလေး၊ ငရုတ်သီးလေးနဲ့ တို့စားလိုက်ရတာမျိုးပဲဖြစ်ဖြစ်၊ သုပ်စားတာပဲဖြစ်ဖြစ် ဘာနဲ့မှကိုမလဲနိုင်တဲ့အရာတစ်ခုမဟုတ်ပါလား။ ရာသီပေါ်စာ စားပေးတယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့အတွက်ပါပဲ။ ဒီမှာဘာကြောင့် ရာသီပေါ်သရက်သီးစိမ်းတွေကို စားသုံးသင့်တယ်ဆိုတာ ဝေမျှပေးလိုက်ပါတယ်။
၁။ ရေငတ်သက်သာစေခြင်း
သရက်သီးစိမ်းကို ဆားဖြင့် တို့စားခြင်းဟာ ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးခြင်းကို အများကြီးကာကွယ်ပေးပါတယ်။ သရက်သီးများများစားထားသူဟာ တော်ရုံနဲ့ ရေဆာလေ့မရှိကြပါဘူး။ ဒါကြောင့် နွေရာသီမှာသရက်သီးစိမ်းကြိုက်တတ်ပြီး အမြဲတစေစားသုံးလေ့ရှိသူတွေဟာ မစားတဲ့လူတွေလောက်ပင်ပန်းတဲ့ ပုံစံမပေါက်တာမျိုးတွေ့ရပါတယ်။
၂။ ချွေးထွက်လွန်တာမျိုး မဖြစ်ပေါ်စေခြင်း
လက်တလော ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ခန္ဓာကိုယ်မှာမလိုအပ်ပဲချွေးထွက်လာတာမျိုးတွေရှိလာနိုင်ပါတယ်။ သရက်သီးစိမ်းမှာ ဆိုဒီယမ်ကလိုရိုက်ဒ်နဲ့ iron ဓာတ်ကြွယ်ဝတာကြောင့် ချွေးထွက်လွန်တာမျိုးမဖြစ်စေပဲ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
၃။ ကိုယ်အလေးချိန်လျော့ချစေနိုင်ခြင်း
သရက်သီးစိမ်းဟာ သရက်သီးအမှည့်ထက် အမျှင်ဓာတ်ပိုမိုများပြားတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူတွေစားသုံးဖို့ အသင့်တော်ဆုံးပါပဲ။ အနောက်နိုင်ငံတွေမှာတော့ သရက်သီးအစိမ်းကိုဖျော်ရည်အဖြစ်လုပ်သောက်ကြသူတွေတောင်ရှိကြပါတယ်။
၄။ အစာအိမ်ခြေဖျက်မှု အားကောင်းစေခြင်း