ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် သီရိလင်္ကာတွင် မျက်နှာ ဖုံးကာမှုကို ပိတ်ပင်
29 Apr 2019 1,434 Views

အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် မျက်နှာကို ကွယ်ကာထားသည့် အဝတ်အစားများ ဝတ်ဆင်မှုကို ပိတ်ပင်တားမြစ်ကြောင်း သီရိလင်္ကာသမ္မတ Maithripala Sirisena က ဧပြီ ၂၈ (တနင်္ဂနွေနေ့)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၅၃ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူများစွာ ရှိခဲ့သည်။ သမ္မတအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့် အရေးပေါ်အာဏာကို အသုံးပြုပြီး မည်သည့်ဘာသာဝင်မဆို တစ်နိုင်ငံလုံးရှိ ပြည်သူများ မျက်နှာကို ကွယ်ကာထားသည့် အဝတ်အစားများ ဝတ်ဆင်ခြင်းကို ခွင့်မပြုကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်ဟာ ယနေ့ ဧပြီလ ၂၉ (တနင်္လာနေ့)မှာ စတင်အသက်ဝင်ကျင့်သုံးမှာဖြစ်ပါတယ်။
“အခုလိုတားမြစ်ရတာ နိုင်ငံတော်ရဲ့ လုံခြုံရေးအတွက်ပါ၊ ဘယ်သူဘယ်ဝါမှန်း ခန့်မှန်းရခက်ခဲအောင် မျက်နှာကို ကွယ်ကာထားတဲ့ ဝတ်စားဆင်ယင်မှုမျိုးကို သယ်သူကိုမှ ခွင့်မပြုပါဘူး” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေသတွင်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက ဘာသာရေးလူမှုရေး တုံ့ပြန်မှုများဖြစ်လာမှာကို စိုးရိမ်နေကြတဲ့ မွတ်ဆလင်အမျိုးသမီးတွေကို မျက်နှာဖုံးအုပ်ပြီး မဝတ်ဆင်ကြရန် အရေးပေါ် သတိပေးခဲ့ပြီးနောက်တစ်ရက်မှာ အဆိုပါကြေညာချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေများပြာတဲ့ သီရိလင်္ကာနိုင်ငံမှာ လူဦးရေရဲ့ ၁၀% လောက်ကသာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်အများစုက အတွေးအခေါ်သစ်များကို လက်ခံထားကြသူတွေဖြစ်ပြီး အနည်းစုလောက်သာ မျက်နှာကို ကွယ်ကာတဲ့ ဝတ်စားဆင်ယင်မှုတွေကို ဆက်လက်ကိုင်စွဲထားသူတွေဖြစ်ပါတယ်။