BEC-TERO TV

အများနည်းတူ မိန်းမယူပြီးကလေးမွေးချင်တယ်လို့ဆိုလာတဲ့လူဖြောင့်ကြီး Captain America

29 Apr 2019     1,283 Views


ဟောလိဝုဒ် နာမည်ကျော် Marvels ရုပ်ရှင်စီးရီးမှာ Captian America အဖြစ် သရုပ်ဆောင်သူ မင်းသားကြီး Chris Evans ဟာဆိုရင် Marvels စီးရီး သရုပ်ဆောင်တွေထဲမှာ တစ်ဦးတည်းသော လူပျိုကြီးအဖြစ်ကျန်ရှိနေသူပဲဖြစ်ပါတယ်။ Chris ဟာ Men’s Journal ရဲ့ အင်တာဗျူးမှာ အိမ်ထောင်ပြုပြီး ကလေးတွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းနေထိုင်လိုကြောင်း ပြောကြားလာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

“ကျွန်တော်က မိသားစုဘဝ၊ အိမ်ထောင်ရေးဘဝ အဲ့လိုမျိုးကိုသိပ်သဘောကျတာ၊ အခွင့်အရေးရှိရင် သင့်တော်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ယူမယ် ပြီးရင် ကလေးတွေ အများကြီးမွေးမယ် ကလေးတွေအတွက် ပျော်ရွှင်စရာတွေဖန်တီးပေးမယ် ခရစ်စမတ်လိုနေ့မျိုးမှာလဲ သူတို့အတွက်လက်ဆောင်အများကြီးနဲ့ သစ်ပင်အကြီးကြီးဖန်တီးပေးမယ်” လို့ပြောကြားလာပါတယ်။

Chris Evans ဟာ မင်းသမီး Jenny Slate နဲ့ပြီးခဲ့တဲ့ ၂၀၁၇ မှာ စတင်ဒိတ်ခဲ့ပြီး လက်တလောမှာတော့ သမီးရည်းစားအဖြစ်ကနေလမ်းခွဲလိုက်ပြီပဲဖြစ်ပါတယ်။

Chris ဟာအဆိုပါ အင်တာဗျူးမှာပဲ Jennifer Lopez ကို crush မိကြောင်းပြောကြားသွားပါတယ်။ “သူ့ရှေ့ရောက်ရင်ဘာပြောလို့ပြောရမှန်းမသိတာမျိုးဖြစ်ဖူးတယ် ပြီးခဲ့တဲ့အော်စကာမှာတုန်းကလိုပေါ့” လို့ Chris က ရှက်ရှက်နဲ့ဖြေသွားပါတယ်။

“ပြီးတော့ သူမက ကျွန်တော်အကြာကြီး crush ခဲ့ရတဲ့ လူတစ်ယောက်” ဆိုပြီးပြောကြားသွားပါတယ်။ Chris နဲ့အတူ Avengers စီးရီးတွေမှာ အတူသရုပ်ဆောင်ရင်း သူငယ်ချင်းတွေဖြစ်သွားကြတဲ့ Robert Downey , Chris Hemsoworth, Chris Pratt နဲ့ Scarlett Johansson တို့ဟာလဲ သာယာတဲ့မိသားစုဘဝကိုယ်စီနဲ့ ချစ်စရာသားသားမီးမီးလေးတွေရှိနေလေတော့ Chris Evans တစ်ယောက် သူတို့ကို အားကျပြီး ကလေးလိုချင်သွားတယ်ထင်ပါတယ်။Chris ဟာ ဒီနှစ်မှာ အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး တစ်ခါမှအိမ်ထောင်မကျဖူးသေးတဲ့ လူလွတ်တစ်ယောက်ပါ။ Dodger အမည်ရတဲ့ခွေးလေးတစ်ကောင်မွေးထားပြီး သူဘယ်သွားသွားခေါ်သွားလေ့ရှိပါတယ်။

(ပိုပိုလေး)

 


29 Apr 2019     1,283 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS