BEC-TERO TV

အသက် (၁၇) နှစ်အရွယ်ကျောင်းသားလေးမိခင်နဲ့ ရန်ဖြစ်စကားများရာမှ ကုန်းတံတားပေါ်ကခုန်ချ

29 Apr 2019     1,526 Views


ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက်နေ့တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ အသက် (၁၇) နှစ်အရွယ်ကျောင်းသားလေး တစ်ဦးဟာ မိခင်နှင့်ကားပေါ်မှာ ရန်ဖြစ်စကားများရာက ရုတ်တရက် ကားပေါ်ကဆင်းပြီး Huangpu မြစ်ကိုဖြတ်တဲ့ Lupu အမည်ရတဲ့တံတားကနေ တုံ့ဆိုင်းခြင်းမရှိပဲ ခုန်ချသွားခဲ့ပါတယ်။
 
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

အမည်မဖော်လိုသူ မိခင်အမျိုးသမီးဟာ မောင်းသူနေရာတွင်ထိုင်ပြီး ကားနောက်ခန်းမှာထိုင်တဲ့ သားဖြစ်သူကို ဆူပူနေခဲ့ပါတယ်။ ထိုအချိန်က တံတားပေါ်မှာ မီးပွိုင့်မိနေတဲ့အချိန်ဖြစ်ပြီး ကားများအားလုံးရပ်တန့်နေရတဲ့အချိန်ပဲဖြစ်ပါတယ်။ 
 
မိခင် နဲ့စကားပြောရန်ဖြစ်နေတုန်း သားဖြစ်သူဟာ ကားတံခါးကိုရုတ်တရက်ဖွင့်ပြီး တစ်ချိန်တည်းမှာပဲ တံတားပေါ်ကခုန်ချသွားခဲ့ပါတယ်။ မိခင်က အနောက်ကနေ လိုက်လံတားဆီးပေမဲ့ မမှီတော့ပါဘူး။ အခင်းဖြစ်ပွားပြီး မိခင်ဖွင့်ဆိုချက်အရ သားဖြစ်သူဟာကျောင်းမှာ ရုံးခန်းရောက်ပြီး ပြဿနာအနည်းငယ်ရှိခဲ့တာကြောင့် မိခင်ကဆူပူကြိမ်းမောင်းရာက စကားများရန်ဖြစ်ခဲ့ကြပါတယ်။

ကားပေါ်ကနေပြေးဆင်းပြီး တုန့်ဆိုင်းခြင်းမရှိပဲ တံတားအောက်ကို ခုန်ချသွားတဲ့ ဒီလူငယ်ဟာ ဘယ်လိုအခက်အခဲမျိုးတွေရှိနေခဲ့သလဲ ကြုံခဲ့ရသလဲဆိုတာတောင် မသိပါတော့ပါဘူး။ မိဘတွေအနေနဲ့ ကိုယ့်သားသမီး တစ်ခုခုအပြစ်လုပ်ထားရင် အရင်ဆုံးဆူတာ ဟောက်တာမျိုးတွေမလုပ်ပဲအရင်ဆုံး အကြောင်းအရင်းကိုရှာဖွေသင့်ပါတယ်။ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ စိတ်ဟာ ထိလွယ်ရှလွယ်ဖြစ်တတ်တာကြောင့် မိဘများအနေနဲ့ ဒီလိုအရွယ်တွေကိုထိန်းကျောင်းနေစဉ် အပြောအဆိုအနေအထို အထူးဆင်ခြင်သင့်ပါတယ်။

(ပိုပိုေလး)

 


29 Apr 2019     1,526 Views




RELATED

Most Popular of Special or Others

Most Popular of NEWS