BEC-TERO TV

ဆယ်နှစ်ကျော်အကြာမှာ ပရီးမီးယားလိဂ်သို့ တန်းပြန် တက်ရောက်ခွင့်ရရှိခဲ့တဲ့ ရှက်ဖီးယူနိုက်တက်

29 Apr 2019     1,380 Views


ရှက်ဖီးယူနိုက်တက်အသင်းဟာ နောက်နှစ်ရာသီမှာ ပရီးမီးယားလိဂ်သို့ တိုက်ရိုက် တန်းတက်ခွင့်ရရှိခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက်အသင်းဟာ ၂၀၀၆-၂၀၀၇ ခုနှစ်က ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရတာဖြစ်ပြီး ၁၀ နှစ်ကျော်အကြာမှာ ပရီးမီးယားလိဂ်သို့ တစ်ဖန်တန်းတက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းဟာ အက်စွပ်စ် တောင်းအသင်းကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး လိဒ်နဲ့ အက်စတန်ဗီလာတို့ သရေကျခဲ့တဲ့တာကြောင့် တိုက်ရိုက်တန်းတက်ခွင့် တစ်နေရာအတွက် သေချာခဲ့တာဖြစ်ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့် ၂ နေရာကို နောဝှစ်နဲ့ ရှက်ဖီးယူနိုက်တက်တို့က ရရှိသွားခဲ့ပြီး နောဝှစ်အသင်းနဲ့ ၃ မှတ်သာကွာဟသာမို့ ချန်ပီယံရှစ်ဖလားကို ရရှိနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ၂၀၀၆-၀၇ ဘောလုံးရာသီက နောက်ဆုံးကစားခဲ့တာဖြစ်ပြီးတော့ တန်ဆင်းခဲ့ရတာဖြစ်ပါတယ်။

တန်းတက်နောက်တစ်နေရာအတွက် Play off ကစားခွင့်ကို လိဒ်ယူနိုက်တက်၊ ၀က်ဘရွန်းစ်နဲ့ အက်စတန်ဗီလာတို့ ရရှိထားပြီး ဒါဘီအသင်းနဲ့ မစ်ဒယ်ဘရော့အသင်းကလည်း Play off ကစားခွင့်အတွက် နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။.ဒါဘီအသင်းက မစ်ဒယ်ဘရော့အသင်းထက်စာရင် အမှတ်တူ တစ်ပွဲလျှော့အနေအထားကြောင့် Play off ကစားခွင့်ကို ဒါဘီအသင်းကရရှိဖို့ အခွင့်အလမ်းများနေပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းက နောက်ဆုံးပွဲစဉ်ကိုတော့ စတုတ်စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။.


29 Apr 2019     1,380 Views




RELATED

Most Popular of Football

Most Popular of Sport