BEC-TERO TV

ချစ်သူဟုတ်မှန်ကြောင်းကို ဓာတ်ပုံလေးတစ်ပုံနဲ့ ကြေညာချက်ထုတ်လိုက်တဲ့ သင်ဇာဝင့်ကျော်

29 Apr 2019     5,034 Views


သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာဆိုရင် အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာထွန်းလင်းတောက်ပနေခဲ့တဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ပြီး ရေရှည်တည်တံ့တဲ့အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူဖြစ်ပါတယ်။ သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကချစ်ခင်အားပေးခဲ့ရတာဖြစ်ပြီး ချောမောလှပတဲ့မျက်နှာနဲ့ ပြစ်မျိုးမှဲ့ထင် ဆွဲဆောင်မှုရှိတဲ့သူမရဲ့အလှတို့ကြောင့် ယောကျာ်းထုကြီးက အခိုင်အမာဝန်းရံအားပေးနေကြတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

Sexy ကျကျလှပလွန်းတဲ့ သူမရဲ့ကောက်ကြောင်းအလှက ပရိသတ်တွေကြားရေပန်းစားနာမည်ကြီးသလို မိန်းမသားထုကြီးကပါ အားကျနေရတာပါ။ အပျိုကြီးမမတစ်ယောက်အဖြစ် ဘ၀ကိုတစ်ကိုယ်တည်းရပ်တည်နေတဲ့ သင်ဇာကတော့ လွန်ခဲ့တဲ့နှစ်ပိုင်းက ချစ်သူက Sexy ကျတဲ့ဖက်ရှင်တွေဝတ်တာမကြိုက်လို့ လမ်းခွဲလိုက်ပြီဆိုပြီး မီဒီယာတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေအကုန်လုံးက သင်ဇာ့ရဲ့လက်ရှိအချစ်ရေးကို တစ်ကိုယ်တည်းသမားလို့ထင်မှတ်ထားကြတာဖြစ်ပါတယ်။

ထိုထင်မြင်ထားမှုတွေက သင်ဇာဝင့်ကျော်တစ်ယောက် သင်္ကြန်တွင်း မော်ဒိုက်ခရီးစဉ်သွားတဲ့အချိန်မှာတော့ ပျက်ပြားသွားခဲ့ရပါတယ်။ ရေချိုးကန်ထဲက သူမရဲ့အလှဓာတ်ပုံကိုတင်လိုက်တဲ့ အချိန်မှာ ဓာတ်ပုံထဲမှာပါလာတဲ့ လက်တစ်ဖက်ကြောင့် အားလုံးကစိတ်ဝင်တစားနဲ့ လက်ပိုင်ရှင်ကိုရှာဖွေဖော်ထုတ်ခဲ့ရာမှ ဘူးပေါ်သလို ပေါ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုအတိအလင်းမချပြပေမယ့် Yannik လို့အမည်ရတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားရဲ့ အင်စတာဂရမ်အကောင့်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်နေတဲ့ ပုံတွေကိုတင်ထားတာတွေ့ခဲ့ရပြီး သူတို့နှစ်ယောက်ဟာ ချစ်သူတွေလို့ ပရိသတ်အားလုံးက သမုတ်ခဲ့ကြသလို ယောကျာ်းထုကြီးလဲ အသဲတွေကွဲခဲ့ရပါတယ်။

ဆိုရှယ်မီဒီယာတစ်ခွင် Yannik နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သင်ဇာတစ်ယောက် သူမတို့ကြားက Relationship ကိုအတိအလင်း ချပြလိုက်ပါပြီ။ Yannik ရဲ့ပုံတစ်ပုံကို သူမရဲ့ My Story မှာတင်ထားခဲ့ပြီး ပုံပေါ်မှာတော့ “The cutest monkey ever” ချစ်စရာအကောင်းဆုံး မျောက်ကလေးဆိုပြီး အသဲပုံ Emoji လေးနဲ့အတူ သူမရဲ့ချစ်သူဖြစ်ကြောင်းကို အတိအလင်းပြသလိုက်တာပဲဖြစ်ပါတယ်။

ဒ့ါအပြင် သင်ဇာက မော်ဒိုက်ခရီးစဉ်က အပျော်ရွှင်ဆုံးနဲ့ အမှတ်တရအဖြစ်ဆုံး ခရီးစဉ်တစ်ခုဖြစ်ကြောင်းကို ထိုသတင်းတွေမထွက်ပေါ်ခင်က သူမရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့ပါသေးတယ်။ ချစ်သူနဲ့အတူသွားတဲ့ခရီးစဉ်မို့ အရမ်းကိုပျော်ရွှင်နေတယ်ဆိုတာလည်း သင်ဇာဝင့်ကျော်တင်ထားတဲ့ ဓာတ်ပုံတိုင်းကသက်သေတွေပါပဲနော်…

သင်ဇာဝင့်ကျော်နဲ့ Yannik တို့နှစ်ယောက်က ချစ်သူတွေဖြစ်နေကြတာ လအနည်းငယ်ကြာပြီဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံတွေလဲထွက်ပေါ်လာခဲ့ပြန်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က သင်ဇာတင်ထားတဲ့ ပုံနဲ့ Yannik ရဲ့အင်စတာဂရမ်မှာတင်ထားတဲ့ပုံတွေက အတူတူပဲဖြစ်နေတာကြောင့် ထိုအချိန်ကတည်းက သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်နေကြပြီဆိုတာ ထင်ရှားစေပါတယ်နော်…

 

(ပိုပိုလေး)


29 Apr 2019     5,034 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS