BEC-TERO TV

တုန်လှုပ်ခြောက်ခြားစရာ မှန်ထဲက ကလေးရဲ့အရိပ် (ရုပ်သံ)

29 Apr 2019     1,866 Views


အမှောင်လောက သရဲ၊ ဝိဉာဉ် ဆိုတာတွေကို ယုံကြည်ကြသူတွေ ရှိသလို မယုံကြည်ကြသူတွေလည်း ဒုနဲ့ဒေးများစွာရှိနေပါတယ်။ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ယနေ့အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတစ်ခုဟာ ကြည့်မိတဲ့သူတိုင်းကို ကြက်သီးဖျန်းဖျန်း ထသွားစေခဲ့ပါတယ်။
 
သရဲဇာတ်လမ်းတွေလို ကင်မရာလှည့်စားချက် အသံလှည့်စားချက်မပါပဲ၊ ထပြေးချင်စိတ်ပေါက်သွားအောင်ကို ထိတ်လန့်စေခဲ့ပါတယ်။ အသက် ၁ နှစ်ဝန်းကျင်ခန့်လောက်ရှိမယ့် ကလေးလေးက ကြည့်မှန်ရဲ့ရှေ့မှာ ထိုင်ကစားနေစဉ် မိခင်နဲ့ဖခင်ဖြစ်သူက ဗီဒီယိုရိုက်ပြီး ကလေးကို မြူနေကြစဉ် ထင်မှတ်မထားတဲ့ အဖြစ်ပျက်တစ်ခု ဖြစ်သွားခဲ့တာပါ။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
မိဘတွေက ချော့မြူလို့ ကလေးက မိဘတွေဘက်ကို လှည့်ကြည့်စဉ် မှန်ထဲကအရိပ်က မျက်စိတစ်မှိတ်စာလောက် မလှည့်ပဲ ကျန်နေခဲ့ပြီး မျက်လုံးတွေက မဲကနဲဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့မှ ကလေးရဲ့ အရိပ်မှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။
 
 
ဒီရုပ်သံကို ကြည့်ပြီး အားလုံးက ထိတ်လန့်သွားကြပေမယ့် အချို့ကတော့ ရုပ်သံဟာ တမင်တည်းဖြတ်ပြင်ဆင်ထားတယ်လို့ ဝေဖန်ကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် စဉ်းစားစရာရှိတာက ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို မကောင်းဆိုးရွားဝိဉာဉ်တစ်ခုလို ကျီစယ်နောက်ပြောင်မလား ဒါမှမဟုတ် တစ်ကယ်ပဲလားဆိုတာကိုတော့ ဝေခွဲလို့ မရနိုင်ကြသေးပါဘူး။ မိတ်ဆွေတို့ရဲ့ အမြင်ကိုလည်း မန့်မှာ ရေးသားခဲ့ကြပါဦး။

29 Apr 2019     1,866 Views




RELATED

Most Popular of Special or Others

Most Popular of NEWS