BEC-TERO TV

လွဲမှားသွားတဲ့ နားလည်မှုတစ်ခုကြောင့် အမေစုကိုတောင်းပန်ပါတယ်ဆိုတဲ့ ပွင့်နဒီမောင်

29 Apr 2019     2,105 Views


နာမည်ကျော်သရုပ်ဆောင် ပွင့်နဒီမောင်ဟာပြီးခဲ့တဲ့ရက်က မီးပျက်တဲ့အကြောင်းကိစ္စနဲ့ စပ်လျဉ်းပြီး လူမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာမှာပို့စ်တစ်ခုတင်ခဲ့ပါတယ်။ “အကယ်ဒမီပေးပွဲလဲ မေမေပါတယ် နိုင်ငံရေးလဲမေမေပါတယ် လူမှုရေးလဲပါပြန်တယ် မေမေက ရမ်းတော်ပါတယ် မေမေကရမ်းတက်ပါတယ် ဟိုနေရာလဲ မေမေပါချင်တယ် ဒီနေရာလဲ မေမေပါပြန်တယ် နေရာတကာပါချင်တာလေးလျော့ပြီး မီးကိစ္စလေး ခေါင်းထဲထည့်ပေးပါလို့ မေမေရေ” ဆိုပြီး သူမမိခင်ကိုပြောတဲ့အကြောင်းပို့စ်ရေးသားတင်ခဲ့ပါတယ်။

 

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

 

ပွင့်နဒီမောင်ကတော့ သူမအမေကို ပြောတယ်ဆိုပြီးရေးထားပေမဲ့ ပရိတ်သတ်ကြီးကတော့ တစ်နိုင်ငံလုံးရဲ့မိခင် အမေစုကိုစောင်းမြောင်းပြောဆိုတယ်ဆိုပြီး ပွင့်နဒီမောင်ကိုဝိုင်းဝန်းပုတ်ခတ်လာကြပါတယ်။ လူတွေ သူမကို မြင်နေတဲ့အမြင်ကို ပြောင်းလဲဖို့အတွက် ပွင့်နဒီမောင်ဟာ ပို့စ်တစ်ခုထပ်တင်ခဲ့ပါတယ်။ အဆိုပါ ပို့စ်ထဲမှာ သူမဟာ နိုင်ငံရေးသမားတစ်ဦးမဟုတ်ကြောင်း “မေမေ” ဆိုတာအမေအရင်းတစ်ယောက်ထဲကိုသာခေါ်တဲ့နာမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကချစ်ရတဲ့ အမေစုကို အမေစုလို့သာခေါ်ကြောင်းထည့်သွင်းရေးသားထားပါတယ်။

သူမက နိုင်ငံရေးအကြောင်းဘာမှမသိကြောင်း သူမအမေကသာ သိလို့တတ်လို့ အမေဖြစ်သူကို စနောက်မိကြောင်း သူမကို နိုင်ငံရေးလှည့်ကွက်တွေထဲမထည့်ကြဖို့ တောင်းဆိုထားပါသေးတယ်။

မီးပျက်တာနဲ့ ပတ်သတ်ပြီး အမေဖြစ်သူက မီးစက်မဝယ်ပေးတာကို စိတ်ဆိုးလို့ စမိရင်းက ခုလိုဖြစ်သွားရတာပါ ဆိုပြီး နိုင်ငံကျော်မင်းသမီး ပွင့်နဒီမောင်က ဖြေရှင်းထားပါတယ်။ သူမလေးစားရတဲ့ နိုင်ငံရေးသမားတွေကို တောင်းပန်ထားပြီး ကဗျာဆရာယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်လုပ်နေတဲ့ သူတွေကိုတော့ မတောင်းပန်ဘူးလို့လဲ ပြောကြားထားပါတယ်။

သူမအကြောင်း ဒီထက်ပိုသိချင်ရင် သတင်းမီဒီယာတွေအနေနဲ့ အချိန်မရွေး သူမကို လာရောက်အင်တာဗျူးနိုင်ကြောင်းကိုလဲ ဖွင့်ဟပြောဆိုလာပါတယ်။

(ပိုပိုလေး)


29 Apr 2019     2,105 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS