BEC-TERO TV

အငြင်းပွားဖွယ်ဂိုးကို သွင်းယူခဲ့တာကြောင့် မျှတသွားအောင် လိုက်မလုဘဲ ဂိုးပြန်ပေးခဲ့တဲ့ လိဒ်စ်အသင်း

29 Apr 2019     1,368 Views


မနေ့က ချန်ပီယံရှစ် ပွဲကောင်းတစ်ကောင်းဖြစ်တဲ့ လိဒ်စ် နှင့် ဗီလာတို့ ပွဲစဉ်မှာ လဒ်စ် အသင်းက အငြင်းပွားဖွယ်ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပါတယ်။ ထို့ ဂိုးကြာင့်နှစ်ဖက်အသင်း ရန်ပွဲဖြစ်ခဲ့ပြီး ဗီလာကစားသမားတစ်ယောက် အနီကဒ်ပြသခံခဲ့ရပါတယ်။

ဖြစ်စဉ်မှာ ဗီလာတိုက်စစ်မှူး ဒဏ်ရာရနေရနေတာကြောင့် ဗီလာကစားသမားတွေက ပွဲကိုခဏ ရပ်နားဖို့တောင်ဆိုခဲ့ပေမယ် လိဒ်စ်အသင်းကစားသမား တိုင်လာရောဘတ်စ် က ပွဲကို ရပ်မလိုလိုနဲ့ မရပ်ဘဲ ကလစ်ရှ် ကိုထိုးပေး  လိုက်ပြီး ကလစ်ရှ် က ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ထို့နောက် နှစ်ဖက်အသင်းအချင်းပွဲခဲ့ကြပြီး ၃ မိနစ်ခန့်ကြာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗီလာတောင်ပံကစားသမား ဂါဇီ အနီကဒ်ပြ အထုတ်ခံခဲ့ရပါတယ်။

ရန်ပွဲအပြီးနောက်မှာတော့ လိဒ်စ် နည်းပြ  ဘီယဲဆာ က မျှတတဲ့ ကစားပွဲဖြစ်အောင် ကွင်းလယ်စပေးဘောစတင်ချိန်မှာ လိုက်မလုဖို့ မှာကြားခဲ့ပြီး ဗီလာအသင်းကို ဂိုးပြန်ပေးခဲ့ပါတယ် ။ပွဲပြီးချိန်မှာတော့ နှစ်ဖက်အသင်း ၁-၁ ဖြင့်ပွဲပြီးဆုံးခဲ့ပါတယ်။


29 Apr 2019     1,368 Views




RELATED

Most Popular of Football

Most Popular of Sport