BEC-TERO TV

ဖတ်မိသူတိုင်းပါကြွေကျသွားရမယ့် G Fatt ရဲ့ မမနန်းဆုအပေါ် တောင်းပန်စာ

29 Apr 2019     1,575 Views


ယနေ့ခေတ်လူငယ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလွန်းပြီး ဂီတချစ်သူတိုင်း မသိသူမရှိလောက်အောင် နာမည်ကြီးအောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်ဂျီဖက်ကတော့ မိန်းကလေးတွေအသဲစွဲအားပေးကြရတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့အသံနဲ့ သီချင်းကောင်းများစွာကို ဖန်တီးသီဆိုလေ့ရှိတဲ့ ဂျီဖက်ရဲ့သီချင်းတိုင်းက လူငယ်တွေရဲ့ပါးစပ်ဖျားမှာ စွဲမြဲနေတာပဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ယနေ့ခေတ်ဂီတလောကထဲမှာ နာမည်ကြီးလူကြိုက်များသူစာရင်းထဲမှာ ရပ်တည်နေတဲ့ ဂျီဖက်ကတော့ အရုပ်မလေးလို ဖြူဖွေးပြီးချစ်စရာကောင်းတဲ့ သရုပ်ဆောင်နန်းဆုရတီစိုးကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ ဆန့်ကျင်ဘက်ပုံစံအနေအထားရှိတဲ့ သူတို့ချစ်သူနှစ်ဦးကိုတော့ ပရိသတ်တွေက လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ်သတ်မှတ်ထားကာ သဘောတူကြည်ဖြူကာ ချစ်ခင်အားပေးနေကြရတာဖြစ်ပါတယ်။ မမနဲ့မောင်လေးစုံတွဲတွေထဲမှာ ပရိသတ်တိုင်းအားအကျရဆုံးစုံတွဲလေးဖြစ်နေတဲ့ နန်းဆုနဲ့ဂျီဖက်တို့ရဲ့ချစ်သူသက်တမ်းကတော့ (၂) နှစ်ကျော်သွားပြီဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားတဲ့သူတို့နှစ်ယောက်ဟာဆိုရင် သိပ်မကြာခင်က လမ်းခွဲလိုက်ပြီဆိုပြီး အခြေအတင်ကိစ္စရပ်တွေဖြစ်ပေါ်ခဲ့ပါတယ်။ နန်းဆုကလဲ သူမရဲ့အကောင့်မှာ လမ်းခွဲကြောင်းရေးသားထားခဲ့ပြီး ဂျီဖက်ကလဲ သူ့ရဲ့အကောင့်ကနေ အဆင်မပြေကြောင်းတွေရေးသားခဲ့တာကြောင့် သူတို့နှစ်ယောက်အဆင်ပြေတာပဲမြင်တွေ့ချင်တဲ့ ပရိသတ်တွေက အလွန်ပင်ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

လက်ရှိမှာတော့ ဂျီဖက်နဲ့နန်းဆုတို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ ပြန်လည်အဆင်ပြေသွားပြီပဲဖြစ်ပါတယ်။ အရင်လိုပျော်ရွှင်စရာနေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့အတွက် ဂျီဖက်က နန်းဆုကို ရိုဆန်လွန်းတဲ့တောင်းပန်စာလေးရေးပြီး စစ်ပြေငြိမ်းဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဂျီဖက်ပေးတဲ့တောင်းပန်စာကို နန်းဆုကသူမရဲ့ My day မှာတင်ထားခဲ့တာဖြစ်ပြီး ရင်တွင်းခံစားချက်တွေကို ရိုဆန်ဆန်ရေးသားထားမှုကတော့ ကြွေကျလောက်စရာပင်။ ဂျီဖက်ပေးတဲ့တောင်းပန်စာကို မမနန်းဆုကြွေတာလဲ မပြောနဲ့ ဖတ်မိသူမိန်းကလေးတိုင်းပါ ကြွေကျရပြီး ယောကျာ်းသားတွေကတော့ ဂျီဖက်ရဲ့ရိုဆန်တတ်ပုံကို အတုယူအားကျနေတာကိုလဲ တွေ့ရပါတယ်။

ပရိသတ်ကြီးအတွက် ဖတ်မိလိုက်ရင်ကြွေကျသွားနိုင်တဲ့ ရိုဆန်တဲ့စကားလုံးတွေနဲ့ ရေးဖွဲ့ထားတဲ့ ဂျီဖက်ရဲ့ မမနန်းဆုအတွက် တောင်းပန်စာကိုမျှဝေပေးလိုက်ပါတယ်။ ဂျီဖက်ရေးထားတာကတော့ "ပိုချစ်ခဲ့တဲ့ကောင်ကိုး” ဒီတစ်ခါ တကယ်လမ်းခွဲပြီလို့ အော်ဟစ်ဖုန်းချပြီးမှ သူပြန်ခေါ်မယ့် ဖုန်းလေးမျှော်နေတက်တဲ့ ပြတ်သားလွန်းသူကြီးဟာ ကျွန်တော်ပေါ့ .. စိတ်တွေကုန်နေပြီလို့ သူငယ်ချင်းတွေကိုပြောပြမိတော့ အချစ်တွေမကုန်သေးဘူးမလားလို့ ပြုံးပြီးပြန်မေးကြတဲ့ မေးခွန်းအတွက် ကိုယ့်မှာ အထိတ်တလန့်ပါပဲ .. မင်းနဲ့ပတ်သတ်ရင် ငါဟာအမြဲမေးခွန်းအသတ်ခံရတယ်.. အေးပေါ့... ပိုချစ်တဲ့ကောင် ကိုး .. ..

"တစ်ချို့ ရေစက်တွေဟာ ဝဋ်ကြွေးသိပ်ဆန်တာပဲ" လို့ မင်း တစ်ခြားတစ်ယောက် ကို အားကိုးတကြီး ညည်းပြနေမလား ...  သူ့ကိုယ်သူ ဝဋ်ကြွေးကျေဂါထာတစ်ပုဒ်လိုဟန်ဆောင် အဲ့တစ်ခြားတစ်ယောက် ကများ နှစ်သိမ့်နေမလား.. အိပ် မ ပျော် ဘူး ချစ် ရယ် .. မူးအောင် သောက်တယ် .. ခန္ဓာကိုယ်က မခံနိုင်တော့တဲ့အဆုံး သူ့အလိုလို အိပ်ပျော်သွားတာပါပဲ...ပြီးရင် .စိတ်က ခန္တာကိုယ် ကို ပြန်နှိုးတယ် ..Miss Call လေးများရှိနေမလား ထရှာတယ် မတွေ့တဲ့အခါ နေထွက်လာတဲ့အထိ စိတ်ဟာ မှောင်တယ် ..အကြိုက်ဆုံး ဟင်းနဲ့ စားရတဲ့ နေ့လည်စာကိုတောင် ရေနဲ့မျှောချခဲ့ရတယ် .ကိုယ်က ညမှ လွင့်ရတဲ့ တိမ်တိုက်ပါ ချစ်ရယ် ဘယ်သူလာငေးချင်ပါ့မလဲ…

လွမ်းစရာရှိရင် နာစရာနဲ့ဖြေလို့ရတယ်လို့ ဘယ်ကောင် ပါးစပ်သယမ်းခဲ့တာလဲ .. သူ့ လုပ်ရက်မှုတွေ အောက်မှာ 
ကိုယ့် မျက်ရည် ဟာ တစ်ဝဲဝဲ နဲ့ ရယ် ..ကျေးဇူးပြုပြီး ..*နေနိုင်သွားမှာပါလို့*မနှစ်သိမ့်ကြပါနဲ့ ..သူနဲ့မပေါင်းဖက်ရဘူးလို့ မက်တဲ့ အိမ်မက်တွေထဲမှာတောင် ကိုယ် အကြိမ်ကြိမ်သတ်သေဖူးတယ် ..ဘယ်သူမှားမှား ဘယ်သူမှန်မှန် နင်က အာဏာရှင် သိပ်ဆန်တယ်.. ဘယ်သူမှန်မှန် ဘယ်သူမှားမှား နင်က ငါ့ရဲ့ထာဝရအစိုးရပဲ.. ဒါ့ကြောင့် ..*တောင်းပန်ပါတယ်*ဘာလို့ဆို ... ပိုချစ်တဲ့ကောင်ကိုး ...” ဆိုပြီးရေးသားထားတာပါ။ မမနန်းဆုမပြောနဲ့ ကိုယ်တွေတောင်ကြွေကုန်ပြီ...

 

 

(ပိုပိုလေး)


29 Apr 2019     1,575 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment