BEC-TERO TV

စလုံးက ဆော်လေးတွေက အလန်းဇယားလေးတွေနော် ဆိုတဲ့ ဖြိုးမြတ်အောင် (ရုပ်သံ)

29 Apr 2019     2,023 Views


ဧပြီလ ၂၈ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲကိုသွားရောက် သီဆိုဖျော်ဖြေခဲ့တဲ့ Myanmar Idol Season 3 ရဲ့ Winner ဧရာဝတီတိုင်းသားလေး “ဖြိုးမြတ်အောင်” တစ်ယောက် စင်ကာပူနိုင်ငံရောက် မြန်မာလှပျိုဖြူလေးတွေကြားမှာ အချွဲပိုနေခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
စင်္ကာပူရောက်မြန်မာအသိုင်းအဝိုင်းက မိန်းကလေးတွေက သူ့ကို ‘ချော့ကလက်တုံးလေး’ လို့ တင်စားပြီး "ဟေ့.. ယူတို့ရဲ့ ချောကလက်တုံးလေး ပြောတဲ့စကား” ဆိုပြီး “စလုံးကဆော်လေးတွေ အလန်းဇယားနဲ့ အရမ်းချောကြတာပဲနော်” လို့ သင်္ကြန်နေ့မှာ ပြောသွားကြောင်း ချစ်စနိုးနဲ့ ပြန်လည် ဖောက်သည်ချခဲ့ပါတယ်။
 
 
သင်္ကြန်မှာ အရမ်းပျော်နေပုံရတဲ့ ဖြိုးမြတ်အောင် က “မမကိုချစ်တယ်” ဆိုတဲ့ သီချင်းနဲ့ စင်ပေါ်မှာ စင်္ကာပူရောက် အဝါရောင်မမ တစ်ယောက်နဲ့အတူတူ သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။ သင်္ကြန်ပြီးလို့ မြန်မာပြည်ပြန်လာရင်တော့ ဖြိုးမြတ်အောင် တစ်ယောက် စလုံးက မမတွေကို လွမ်းမလား၊ စလုံးက မမလှလှတွေကပဲ ဖြိုးမြတ်အောင် ကို ပိုပြီးချစ်ခင်အားပေးသွားကြမလား ဆိုတာကတော့ ကိုယ်တိုင်တွေ့မှ မေးကြည့်ပေါနော်..
လောလောဆယ်တော့ “မမကိုချစ်တယ်” ဆိုတဲ့ သီချင်းလေးကို အားပေးပါဦး။
 
 
ရုပ်သံ/ဓါတ်ပုံ − စင်္ကာပူမြန်မာအသိုင်းဝိုင်း

29 Apr 2019     2,023 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS