BEC-TERO TV

ပရီးမီးယားလိဂ်တွင် ၅ ရာသီဆက် သွင်းဂိုး(၂၀) နှင့်အထက် သွင်းယူနိုင်ခဲ့တဲ့ အဂွဲရို

29 Apr 2019     1,294 Views


မန်စီးတီးကစားသမား အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုဟာ ပြီးခဲ့တဲ့ အပါတ်က ဘန်လေအသင်းနဲ့ပွဲမှာ တစ်လုံးတည်းသောသွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၅ ရာသီဆက် ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်တဲ့ ကစားသမား အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အဂွဲရိုဟာ ၂၀၁၄-၁၅ ရာ သီမှစတင်၍ နောက်ဆုံး(၅)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ပါတယ်။ အရင်က ပရီးမီးယားလိဂ်အမိုင်းမှာ ၅ ရာသီဆက်ဂိုးသွင်းယူနိုင်ခဲ့သူမှာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီတစ်ဦး တည်းသာရှိခဲ့ပြီး အခု အဂွဲရိုလည်း အဆိုပါ မှတ်တမ်းကို လိုက်မှီခဲ့တာဖြစ်ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

အွန်နရီသည် ၂၀၀၁-၀၂ ဘောလုံးရာသီမှ ၂၀၀၅-၀၆ ဘောလုံးရာသီအထိ (၅)ရာသီအတွင်း ရာသီတိုင်း ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အဂွဲရိုဟာ ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၃၁)ဂိုးသွင်းယူပေးထားပြီး ပရီးမီးယားလိဂ်တွင်လည်း သွင်းဂိုး ၂၀ အထိရှိလာပြီးဂိုးသွင်းဘုရင်ဆုအတွက် ဆာလတ် ၊ မာနေး တို့နဲ့ အတူရေးပန်းစားနေပါတယ်။

မန်စီးတီးတွင် အဂွဲရိုး၏ သွင်းဂိုးမှတ်တမ်း

ရာသီ        လိဂ္ဂိုး    ၿပိဳင္ပြဲစုံဂိုး

၂၀၁၁-၁၂        ၂၃ ဂိုး    ၃၀ ဂိုး

၂၀၁၂-၁၃        ၁၂ ဂိုး    ၁၇ ဂိုး

၂၀၁၃-၁၄        ၁၇ ဂိုး    ၂၈ ဂိုး

၂၀၁၄-၁၅        ၂၆ ဂိုး    ၃၂ ဂိုး

၂၀၁၅-၁၆        ၂၄ ဂိုး    ၂၉ ဂိုး

၂၀၁၆-၁၇        ၂၀ ဂိုး    ၃၃ ဂိုး

၂၀၁၇-၁၈        ၂၁ ဂိုး    ၃၀ ဂိုး

၂၀၁၈-၁၉        ၂၀ ဂိုး    ၃၁ ဂိုး

 

 


29 Apr 2019     1,294 Views




RELATED

Most Popular of Football

Most Popular of Sport