BEC-TERO TV

ကနေဒါကမ်းခြေတွေမှာ သူကိုယ်တိုင်အမှိုက်သွားသွန်မည်ဟု ဒူတာတေး ကြိမ်းဝါး

30 Apr 2019     1,716 Views


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကနေဒါနိုင်ငံအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လာရောက်ပြီး တရားမဝင်အမှိုက်တွေ စွန့်ပစ်နေတဲ့ကိစ္စတဲ့ ပက်သက်ပြီး ကြိမ်းဝါးလိုက်တာဖြစ်ပါတယ်။ 
“မင်းတို့ရဲ့ လှပတဲ့ ကမ်းခြေတွေမှာ အမှိုက်တွေနဲ့ဖြစ်အောင် ငါလုပ်ပြမယ်”
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Davao City မှာ လူငယ်အားကစားသမားမျာနှင့် မိဘများကို တွေ့ဆုံပွဲမှာ သမ္မတဒူတာတေး က ဖိလစ်ပိုင်နိုင်ငံဟာ သူတစ်ပါးနိုင်ငံတွေရဲ့ အညစ်အကြေးတွေစွန့်ပစ်တဲ့ အမှိုက်ပုံမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
ကြိုတင်ပြင်ဆင်လာခဲ့တဲ့ မိန့်ခွန်းကို ထုတ်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြင်ရေး စကားလုံးများနဲ့ ပြောဆိုခဲ့ပါတယ်။ ကနေဒါနိုင်ငံက အမှိုက်တွေကို ကွန်တိန်နာ အလုံး ၂၀၀ နဲ့ ဖိလစ်ပိုင်နိုင်ငံမှာ လာပစ်တာဟာ အမိနိုင်ငံကို အမှိုက်ပုံတစ်ခုသဖွယ် သဘောထားဆက်ဆံတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
 
ဒီအတွက် ကနေဒါနိုင်ငံ အစိုးရကို အမှိုက်တွေ ပြန်လာသယ်ဖို့ ပြောကြားထားကြောင်း အကယ်၍ လာပြန်မသယ်ပါက သူကိုယ်တိုင် အမှိုက်တွေကို ပြန်သယ်ပြီး ကနေဒါနိုင်ငံရဲ့ အပန်းဖြေကမ်းခြေတွေတစ်လျှောက် စွန့်ပစ်ပြသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါအပြင် မနီလာမြို့မှာရှိတဲ့ ကနေဒါသံရုံးရှေ့မှာ အမှိုက်ကား ၅ စီစာ အမှိုက်တွေ ကိုယ်တိုင် သွားပုံမယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 
ကနေဒါနိုင်ငံက အမှိုက်တွေကို သင်္ဘောနဲ့ ပြန်လည်သယ်ယူမယ်လို့ ကတိပေးခဲ့ပေမယ့် ဘယ်အချိန်လုပ်ဆောင်မလဲဆိုတာကိုတော့ ပြောကြားခြင်းမရှိခဲ့ပါ။ ဖိလစ်ပိုင်သမ္မတရဲ့ တောင်းဆိုမှုဟာ ညှိနှုင်းလို့ရမှာ မဟုတ်တဲ့အတွက် ဒီသက်ရောက်မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
 
သမ္မတဒူတာတေး က ဖိလစ်ပိုင်နိုင်ငံဟာ သူတစ်ပါးရဲ့ စွန့်ပစ်အမှိုက်ပုံ မဟုတ်ကြောင်း တနင်္ဂနွေနေ့က ပြတ်ပြတ်သားသား ထပ်မံပြောဆိုခဲ့ပါတယ်။
 

30 Apr 2019     1,716 Views




RELATED

Most Popular of International News

Most Popular of NEWS