BEC-TERO TV

စပါး နှင့် အေဂျက်စ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ပ-ကျော့) ပွဲကြိုသုံးသပ်ချက်

30 Apr 2019     1,349 Views


ယနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ပ-ကျော့) စပါးအသင်းနှင့် အေဂျက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အများက ဒီနှစ်အသင်း ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးနည်းပါးမယ် ထင်ခဲ့ပေမယ့် သူတို့နှစ်သင်းဟာ ထိုက်တန်တဲ့ ခြေစွမ်းတွေကြောင့် ဒီအဆင့်ရောက်ရှိလာတာ ငြင်းလို့မရပါဘူး။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

စပါးအသင်းဟာ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းကိုတောင် ကျော်ဖြတ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အလားတူ အေဂျက်စ်အသင်းကလည်း ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ထရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ဒီအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ လူငယ်တွေနဲ့ ဖွဲ့ စည်းထားပြီး ကြံခိုင်မှုအားကောင်းတဲ့အသင်းတွေဖြစ်တာကြောင့် စိတ်ဝင်စားမှု အပြည့်ပေးနိုင်မယ့် ပွဲတစ်ပွဲဖြစ်မှာ ကျိန်းသေပါတယ်။ စပါးအသင်းဟာ အိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့် အားသာချက်တစ်ခုဖြစ်စေပြီး အားထားရတဲ့ တိုက်စစ်မှူး ဟာရီကိန်း အပါဝင်နိုင်ခဲ့တာဟာ စပါးအသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။.

အေဂျက်စ်အသင်းက ဒဏ်ရာရကစားသမားမရှိသော်လည်း အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးအတွက် သရေရလဒ်က မျှတမယ်ထင်ပါတယ်။

ကိုးကား BBC , Sky sports


30 Apr 2019     1,349 Views




RELATED

Most Popular of Football

Most Popular of Sport