BEC-TERO TV

၃ နှစ်သား ကလေးကို မီးဘေးလွတ်အောင် မိခင်ဖြစ်သူက ၁၀ လွှာမှ အောက်ပစ်ချ (ရုပ်သံ)

30 Apr 2019     1,677 Views


အထပ်မြင့်နေ့အိမ် ၁၀ လွှာတွင် မီးအကြီးအကျယ်လောင်ကျွမ်းနေစဉ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ မိခင်က အသက် ၃ နှစ်အရွယ် ကလေးလေးကို မီးဘေးလွတ်စေရန် အိမ်ရှေ့ပြတင်းပေါက်မှ အောက်ကို လွှတ်ချခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ရုပ်သံတွင် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူက အသက် ၃ နှစ်အရွယ်ကလေးကို ပြတင်းတံခါးဖွင့်ကာ အောက်ကိုပစ်ချရန် တန်းလန်ဆွဲလျှက် ရှိနေတာကို မျက်နှာခြင်းဆိုင်နေအိမ်မှ ရုပ်သံရိုက်ကူးထားပြီး၊ ရုပ်သံရိုက်သူ အမျိုးသမီးက “မလုပ်ပါနဲ့ မလုပ်ပါနဲ့” လို့ ခြောက်ခြားတုန်လှုပ်စွာ ဆုတောင်းနေတာကို ကြားခဲ့ရပါတယ်။ (ရုပ်သံအား Facebook, YouTube တို့၏ ပေါ်လစီအရအပြည့်အစုံပြသခွင့်မရှိတာ နားလည်ပေးပါရန်)
 
 
မိခင်ဖြစ်သူဟာ သူ့ကလေးကို အောက်ကနေ တစ်ယောက်ယောက်က စီးဖမ်းထားမယ် ဒါမှမဟုတ် တစ်နေရာရာမှာ တင်နေမယ်လို့ မျှော်လင့်ထားပုံရပါတယ်။ အဲဒီနောက် ကလေးကို မျက်စိစုံမှိတ်ပြီး အောက်ပစ်ချလိုက်ပါတယ်။
 
မျက်မြင်သက်သေများရဲ့အဆိုအရ အိမ်နီးချင်းအချို့က အောက်ကနေ ပိတ်စနဲ့ ကလေးကို ခံထားပေမယ့် ပြုတ်ကျလာတဲ့အရှိန်နဲ့ အလေးချိန်ကို အောက်ခံပိတ်က မခံနိုင်ပဲ ပြဲကာမြေကြီးပေါ် ကျသွားခဲ့ပြီး ဒဏ်ရာများပြင်းထန်စွာရကာ ကလေးသေဆုံးသွားခဲ့ပါတယ်။
 
 
သိပ်မကြာခင်မှာ မိခင်လည်း သူ့ကလေး သွားရာလမ်းအတိုင်း ပြတင်းပေါက်မှ ခုန်ချခဲ့ရာ ပေ ၁၀၀ အမြင့်လောက်ကနေ မြေကြီးပေါ်ကျပြီး ချက်ခြင်း သေဆုံးသွားခဲ့ပါတယ်။ 
 
 
ဖြစ်စဉ်ကတော့ ရုရှားနိုင်ငံ ဆိုဗတ်စကီး စီရင်စုမှာ ဖြစ်ပွာခဲ့ပါတယ်။ မီးလောင်မှုကနေ လူပေါင်း ၃၀ ကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်ဌါနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

30 Apr 2019     1,677 Views




RELATED

Most Popular of Special or Others

Most Popular of NEWS