BEC-TERO TV

ဒိုင်လူကြီး အိမ်သာတက်ချင်မှုကြောင့် ပွဲကို ကစားနေစဉ်အတွင်း ခေတ္တရပ်တန့်ပေးခဲ့ရတဲ ဟာသဖြစ်ရပ်

30 Apr 2019     2,103 Views


ဘောလုံးအားကစားဟာ ဖျော်ဖြေမှု တစ်ခုထက်ပိုပြီး လူတွေရဲ့ စိတ်ကို ခံစားမှုပေါင်းစုံပေးနိုင်တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ပြိုင်ပွဲ တစ်ခုမှာ ရယ်စရာ ဟာသ တစ်ခုဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်က ချာဗက်စ် အသင်းနှင့် နာစီယွန်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ဖြစ်ခဲ့တာပါ။ အဆိုပါပွဲရဲ့ ဒုတိယပိုင်း ၅၇ မိနစ်မှာ လက်ထောက်ဒိုင်လူ ကြီး(linesman) ဂျော့ခရူဇ်ဟာ ပွဲကိုရပ်နားဖို့ ကွင်းလယ်ဒိုင်ထံ အချက်ပြခဲ့ပါတယ်။ ထို့နောက် ဒိုင်လူကြီးဟာ စည်းကြပ်အလံကို ပစ်ချပြီး ကွင်းပြင်ကို ပြေးထွက်သွားခဲ့ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ပွဲဟာ ကစားနေစဉ်အတွင်း ရန်လည်းမဖြစ်ဘဲ ဘာကြောင့် ရပ်တန့်ခဲ့တာလဲဆိုတာ ပရိတ်သတ်တွေနဲ့ အားလုံး ဇေဝဇဝါဖြစ်ခဲ့ရပါတယ်။ ထို့နောက် ပရိတ်သတ်တွေနဲ့ အားလုံးသိလိုက်တာက တော့ ချက်ချင်းဘဲ သူရဲ့ ဝမ်းအခြေအနေကို မထိန်းနိုင်တာကြောင့် အိပ်သာဆီကို ပြေးသွားခဲ့တယ်ဆိုတာကိုပါ။

ဟုတ်ပါတယ်၊ သူ သူဝမ်းက ထွက်ကျတော့မယ့် အခြေအနေကြောင့် အိမ်သာဆီကို အပြေးသွားခဲ့ရတာပါ။ ဂျော့ခရူဇ်  အိမ်သာသွားတဲ့ အချိန်မှာ ကစားပွဲကို ၃ မိနစ်ခန့် အနားပေးထားခဲ့ရပါတယ်။သူ အိမ်သာ သွားပြီးအပြန်မှာ ကွင်းလယ်ဒိုင်က ဂျော့ခရူဇ် ကိုပွဲကို နှောက်ယှက်မှုကြောင့် အနီကဒ်ပြသခဲ့ပါတယ်။

သင့်သာ ဂျော့ခရူဇ် နေရာမှာဆိုရင် ဘာဆက်လုပ်မှာလဲ..?

Ref; sportbible.


30 Apr 2019     2,103 Views




RELATED

Most Popular of Football

Most Popular of Sport