BEC-TERO TV

ဂိုးသမား ဒီဂီယာကို အရံခုံပို့ပြီး ရိုမဲရိုးကို ပွဲထုတ်ဖို့ တောင်ဆိုခဲ့ကြတဲ့ မန်ယူပရိတ်သတ်များ

30 Apr 2019     1,621 Views


ချလ်ဆီးအသင်းနှင့်  ပွဲစဉ်မှာ အမှားပြုလုပ်ခဲ့တဲ့ မန်ယူဂိုးသမား ဒေးဗစ် ဒီဂီယာကို အရံခုံပို့ပြီး ရိုးမဲရိုးကို အခွင့်အရေးပေးဖို့ မန်ယူအသင်း ပရိတ်သတ်တွေ တောင်ဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပါတ်က ချလ်ဆီးအသင်းနဲ့ ပွဲမှာ မန်ယူအသင်းကို ချလ်ဆီးအသင်းကို မာတာ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်းပြီးဖို့ မိနစ်ပိုင်းအလိုမှာ ချလ်ဆီးနောက်ခံလူ ရူဒီဂါရဲ့ ကန်ချက်ကို ဒီဂီယာက အမိအရဖမ်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်ထွက်လာခဲ့ပြီး မားကို့စ်အလွန်ဆိုက ချေပဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲပြီးချိန်မှာ ၁-၁ သရေဖြင့်သာ ပြီးဆုံးခဲ့တာကြောင့် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးမယူနိုင်ဘဲ အဆင့် ၆ မှာသာ ရပ်တည်ခဲ့ရပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ကမ္ဘာ့ အကောင်းဆုံးဂိုးသမားလို့တောင် သတ်မှတ်ခံထားရတဲ့ ဒီဂီယာဟာ ဒီနှစ်မှာ လက်စွမ်းကောင်းတွေပျောက်ဆုံးနေပြီး ဝေဖန်ခြင်းခံခဲ့ရပါတယ်။ ထို့အတွက်ကြောင့် ပွဲအပြီးတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း၌ ပရိသတ်အချို့က သူ၏အမည်ကိုအော်ဟစ်ကာ လှောင်ပြောင်ခဲ့ကြသလို၊ လူမှုကွန်ရက်မီဒီယာများတွင်လည်း ရိုမဲရိုးကိုအခွင့်အရေးပေးရန် တောင်းဆိုမှုများ ရှိလာခဲ့ခြင်းဖြစ်ပါတယ်။

ဒီဂီယာဟာ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်မှာလည်း အမှားရှိခဲ့ပြီး မန်စီးတီးနှင့် မန်ချက်စတာ ဒါဘီမှာလည်း ဒီဂီယာအမှားကြောင့် ဘာနန်ဒိုဆေးဗားလ် ၊ ဆာနေး တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက ''ဆိုးလ်ရှားက ဒီဂီယာရဲ့အမှားတွေကို ဘာကြောင့်နားလည်မှုပေးပြီး ချယ်လ်ဆီးနဲ့ပွဲမှာသုံး ခဲ့သလဲဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက  အခုအချိန်မှာ အကောင်းဆုံးအနေအ ထားမှာ မရှိတာကြောင့်  ရိုမဲရိုးကို ပွဲထွက်ခွင့်ပြန်ပေးသင့်နေပါပြီ''ဟု ဆိုခဲ့ပါတယ်။


30 Apr 2019     1,621 Views




RELATED

Most Popular of Football

Most Popular of Sport