BEC-TERO TV

ဂိုးသမားနဲ့ နောက်ခံလူတွေပါ ဆွံအသွားစေခဲ့တဲ့ လီယွန်နယ် မက်စီရဲ့  မှော်ဆန်တဲ့ ဖရီးကစ်ဂိုး

02 May 2019     1,347 Views


ယနေ့မနက်က ကန့်ခဲ့တဲ့ ချန်ပီယံလိဂ် (ပ-ကျော့) ဘာစီလိုနာအသင်းနှင့် လီဗာပူးလ်အသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက လီယွန်နယ် မက်စီ နဲ့ ဆွာရက်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပွဲချိန် ၂၇ မိနစ်မှာ ဆွာရက်ရဲ့ ဂိုးနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒုတိယပိုင်းမှာ ၇၅ မိနစ်နဲ့ ၈၂ မိနစ်တို့မှာ မက်စီက ဆက်တိုက်သွင်းယူခဲ့ပြီး ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>

ဒုတိယပိုင်း ၈၂ မိနစ်မှာ မက်စီကို ဖာမီနိုက ပြေးလမ်းပိတ်သလိုဖြစ်ခဲ့ကြောင့် ဘာစီလိုနာအသင်း ဖရီးကစ် ကန်သွင်းခွင့်ရရှိခဲ့ပါတယ်။ အဆိုပါ ဖရီးကစ်ကို မက်စီက လှပသေသပ်တဲ့ ထောင့်ကျင်းထဲ့ကို ဝှေ့ဝိုက်ကန်သွင်းရယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်မှာ ဂိုးပြတ်အနိုင်ရရှိတာကြောင့် ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးအသာ ရသွားခဲ့ပါတယ်။အဆိုပါပွဲမှာ သွင်းဂိုး ၂ ဂိုးကိုရယူနိုင်ပြီးနောက် ကစားသမားဘဝ သွင်းဂိုး ၆၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။


02 May 2019     1,347 Views




RELATED

Most Popular of Football

Most Popular of Sport