BEC-TERO TV

ရလဒ်အရ ရှုံးနိမ့်ခဲ့သော်လည်း ခြေစွမ်းမှာအသာရလို့ ယာဂန်ကလော့ပ် ဂုဏ်ယူ

02 May 2019     1,565 Views


လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အသင်းဟာ ဘာစီလိုနာအသင်းကို ၃-၀ ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ခြေစွမ်းအသာ ၊ ကန်သွင်းချက်အသာဖြင့် ကစားနိုင်ခဲ့တဲ့အတွက်ကြောင့် ဂုဏ်ယူမိတယ်လို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ အဝေးကွင်းမှာ အင်အားကြီး ဘာစီလိုနာအသင်းကို သွားရောက်ကစားရသော်လည်း ဘောပိုင်ဆိုင်မှုက ၅၂ အထိအသာရခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက် ၁၅ ကြိမ်ဖြင့် ဘာစီလိုနာထက် ၃ ကြိမ်သာလွန်နေပါတယ်။

“ကျွန်တော်တို့ ရလဒ်မှာတော့ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ သို့ပေမယ် ကျွန်တော့ ကစားသမားတွေ အကောင်ဆုံး ကစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီအရှုံးကို သင်ခန်စာယူပြီး ပြင်ဆင် သင်ပြမှုတွေဆက်လက် လုပ်ဆောင်သွားမှာပါ “ လို့ ယာဂန်ကလော့ပ်က ပြောပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ယင်းပွဲစဉ်တွင် ဘာစီလိုနာအသင်းဟာ  ဆွာရက်၊ မက်ဆီတို့၏ သွင်းဂိုးများဖြင့် လီဗာပူးလ်အသင်းအား (၃)ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖိ့ အခြေအနေကောင်းခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ အဝေးဂိုးတောင်မရရှိခဲ့တာကြောာင့် ဒုတိယအကျော့ပွဲစဉ်မှာ ရုန်းကန်ရဖွယ်ရှိနေပါတယ်။


02 May 2019     1,565 Views




RELATED

Most Popular of Football

Most Popular of Sport