BEC-TERO TV

အားပေးကြမ်းတဲ့ ပခုက္ကူကလူပင်လယ်ကြီးကြောင့် ချော်လဲတဲ့ထိဖြစ်ခဲ့ရတဲ့ ချစ်သုဝေ

02 May 2019     1,378 Views


ဆရာဝန်အဖြစ်မှ အနုပညာလောကထဲကို ၀င်ရောက်လာတဲ့ ချစ်သုဝေဟာဆိုရင် ဂီတပိုင်းမှာ ထူးချွန်သူတစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ရဲ့လက်ခံအားပေးမှုတွေကို ရရှိထားခဲ့သူပါ။ အသံအေးအေးလေးနဲ့သီဆိုထားတဲ့ သူမရဲ့သီချင်းတွေက ပရိသတ်ရဲ့ရင်ထဲထိနက်ရှိုင်းစွာဝင်ရောက်ခဲ့ပြီး ယနေ့ခေတ်လူငယ်လေးတွေကြားထဲမှာပါ အောင်မြင်နေဆဲဖြစ်ပါတယ်။ လှပတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းသူလေးမို့ ပရိသတ်တွေက သဲသဲလှုပ်ချစ်ခင်အားပေးနေကြရတဲ့ ချစ်သုဝေဟာဆိုရင် ရုပ်ရည်ပိုင်းသာမက စိတ်ထားပိုင်းမှာလည်း ဖြူစင်ပွင့်လင်းသူတစ်ယောက်ဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အဆိုတော်လင်းလင်းနဲ့အတူ ချစ်စရာကောင်းတဲ့အမြွှာသမီးလေးနှစ်ယောက်ကို မွေးဖွားထားပြီး အများကအားကျလောက်စရာ ပျော်ရွှင်ကြည်နူးစရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားတဲ့ချစ်သုဝေကတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာ အနည်းငယ်ကြာမြင့်ခဲ့ပါပြီ။ သူမ၀ါသနာပါရာအနုပညာအလုပ်တွေကို ခေတ္တစွန့်လွှတ်ထားပြီး သမီးလေးတွေအပေါ်မှာတာဝန်ကျေပွန်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ကြိုးစားခဲ့သူပါ။

သမီးလေးတွေကြီးလာချိန်မှာတော့ သူမရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပြီဖြစ်ပြီး “ကတိ” ဆိုတဲ့ ဒုတိယမြောက်တစ်ကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုပါ ထွက်ရှိခဲ့ပါတယ်။ ကြော်ငြာတွေရိုက်ကူးရင်း ဖိတ်ကြားထားတဲ့ပွဲတွေတက်ရင်းနဲ့ ပရိသတ်တွေနဲ့ ပြန်လည်နီးစပ်လာခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ ခေးတို့မေမေ ချစ်သုဝေကတော့ မနေ့က မတ်လ (၁) ရက်နေ့မှာ ပခုက္ကူမြို့မှာအသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ Beauty City ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။ သူမကိုတွေ့ချင်လွန်းတာကြောင့် သူမအလာကို စောင့်ကြိုအားပေးနေကြတဲ့ ပခုက္ကူကများပြားလှတဲ့ ပရိသတ်တွေကြောင့် ချစ်သုဝေတစ်ယောက် အတိုင်းမသိဝမ်းသာပျော်ရွှင်ခဲ့ရသလို အားပေးကြမ်းကြတဲ့ လူပင်လယ်ကြားထဲ ချော်လဲရတဲ့ထိဖြစ်ခဲ့ပါတယ်။

သူမကို လာရောက်အားပေးကြတဲ့ ပခုက္ကူကပရိသတ်ကြီးကြောင့် အရမ်းပျော်ရွှင်ခဲ့ရကြောင်းကို ချစ်သုဝေက “ပခုက္ကူ Beauty city ဖွင့်ပွဲမှာ Trezaကိုချစ်ကြတဲ့ ပရိသတ်တွေ နေပူထဲ ခုလိုစောင့်ပြီးအားပေးကြတဲ့အတွက် ပခုက္ကူပရိသတ်ကြီးကို ကျေးဇူးပါနော်!!! ဖွင့်ပွဲအပြန် လူမစဲသွားပဲ ပိုများလာတဲ့လူပင်လယ်ကြီးကြားမှာ ကို့ရိုးကားယားထွက်လာရတဲ့ မှတ်တမ်းတော့မရှိဘူး...(he he ကားထဲရောက်တော့ လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်လာတဲ့ မုန့် ကို အားပါးတရ အမောဖြေရင်းစားလိုက်ပါတယ်)” ဆိုပြီးရေးသားကာ ဗီဒီယိုဖိုင်ကိုပါ တင်ထားခဲ့တာဖြစ်ပါတယ်။ များပြားလှတဲ့ လူအုပ်ကြီးကြောင့် ချော်လဲမလိုဖြစ်ခဲ့ရတဲ့ ချစ်သုဝေရဲ့ဗီဒီယိုကိုပါ မျှဝေပေးလိုက်ပါတယ်။

 


02 May 2019     1,378 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment