BEC-TERO TV

အိမ်သာထဲဝင်ခွေနေတဲ့ ၉ ပေခန့် မြွေဟောက်ကြီး ခက်ခက်ခဲခဲဖမ်းဆီး (ရုပ်သံ)

02 May 2019     1,833 Views


ပူအိုက်တဲ့ရာသီဖြစ်တာကြောင့် ရေချိုးခန်း၊ အိမ်သာတွေထဲ ဝင်တဲ့အခါ အလျှင်စလိုမဝင်ပဲ သတိထားသင့်ပါတယ်။ ရာသီဉတုအပူဒဏ်ကြောင့် အခြားသတ္တဝါတွေအပြင် အန္တရာယ်ကြီးပြီး အဆိပ်ရှိတဲ့ မြွေဆိုးတွေလည်း ဝင်ရောက် ခိုအောင်းနေနိုင်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
ထိုင်းနိုင်ငံတောင်ပိုင်း ထရန်စီရင်စုက ဗလီတစ်ခုရဲ့ အိမ်သာထဲမှာ ၉ ပေကျော်ရှည်လျားတဲ့ မြွေဟောက်ကြီး(King Cobra) တစ်ကောင်ဟာ ရေတိုင်ကီတစ်လုံးရဲ့နောက်မှာ ဝင်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အရဲစွန့်ပြီး ရှင်းလင်းခဲ့ရပါတယ်။
 
 
 
ရုပ်သံမှာ လက်ဗလာနဲ့ မြွေဖမ်းသူကို မြွေဟောက်က ရန်မူပြီး ပြန်ပေါက်လို့ လက်မတင်လေး လွတ်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှုတော့ မြွေကြီးကို ခက်ခက်ခဲခဲဖမ်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် မြွေကြီးကို လူတွေနေထိုင်တဲ့ နေရာနဲ့ အဝေးမှာရှိတဲ့ တောထဲတစ်နေရာကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

02 May 2019     1,833 Views




RELATED

Most Popular of Special or Others

Most Popular of NEWS