BEC-TERO TV

သူ့ကိုချစ်တဲ့သူတွေနဲ့ဆိုရင် ကလေးလေးပြန်ဖြစ်သွားတယ်လို့ ပြောလာတဲ့ခေးတို့မေမေချစ်သုဝေ

02 May 2019     1,962 Views


မေမြန်မာခေတ်နဲ့  မေမြန်မာသစ်လေးတို့ မေမေ ချစ်သုဝေဟာဆိုရင် ပရိတ်သတ်များရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားထားနိုင်သူတစ်ဦးပါ။ ချစ်စဖွယ် ခေတ်လေးနဲ့ သစ်လေးတို့ ချစ်ဖို့ကောင်းနေတဲ့အကြောင်းအရင်းက ကလေးတို့ရဲ့ မေမေလို့ ပြောရမလိုပါပဲ။ခေတ်လေးနဲ့ သစ်လေးတို့ မေမေ ချစ်သုဝေဟာ ကလေးအမေဖြစ်တာတောင် သူမရဲ့ ချစ်ဖို့ကောင်းတဲ့အမူအကျင့်လေးတွေပျောက်ကွယ်မသွားပါဘူး။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

အဖေ၊ အမေ ၊ အစ်မတွေရဲ့ ချစ်ခြင်းမေတ္တာတွေအပြင် ခင်ပွန်းသည်ရဲ့ ချစ်ခြင်းတရားတွေကို အပြည့်အဝရရှိထားတဲ့ မေမေချစ်သုဝေဟာ လက်တလောမှာ ဖော်ျဖြေပွဲတွေအတွက် အညာမြေသို့ သွားရောက်နေတာပဲဖြစ်ပါတယ်။

ဖျော်ဖြေရေးအဖွဲ့နဲ့ သွားတာမို့ အချိန်သိပ်မရတာကြောင့် သူမလည်ပတ်ချင်တဲ့ပုဂံမြေကို နာရီပိုင်းလောက် ခြေချခွင့်ရရှိခဲ့ပါတယ်။ ပြည်သူ့အချစ်တော် ချစ်သုဝေရဲ့အိမ်နာမည်ကတော့ Treza ပါ။ သူမကိုယ်သူမ “Treza” လို့ပြောလေ့ရှိတာကြောင့် ပရိတ်သတ်ကြီးလဲ ရင်းနှီးပြီးသားဖြစ်မှာပါနော်။

Treza ကတော့ သူမကို ချစ်တဲ့သူတွေနဲ့ဆိုရင် ကလေးလေးတစ်ယောက်လို ပြန်ဖြစ်သွားပါတယ်ဆိုတာကို ပြောကြားလာပါတယ်။ “Treza ကိုချစ်သောသူတွေနဲ့ဆို Treza သည်ကလေး ” ဆိုပြီး ကပ်ရှင်တပ်ကာ ရေးသားခဲ့ပါတယ်။ လက်ရှိမှာ ချစ်စရာကောင်းတဲ့ ခေတ်၊သစ်တို့ မေမေဖြစ်နေပြီဆိုပေမဲ့ သူမကိုချစ်တဲ့သူတွေနဲ့ဆို ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေနဲ့ ကလေးလေးတစ်ယောက်လို ဆိုးနွဲ့တတ်တာလေးတွေက မြင်ရသူအဖို့ နှစ်လိုဖွယ်ကောင်းလှပါတယ်။

ခေးတို့ရဲ့ မေမေ ချစ်သုဝေဟာ ချစ်ဖို့ကောင်းတယ်လို့ မထင်မိဘူးလား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)


02 May 2019     1,962 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS