BEC-TERO TV

အဲရစ်ဆင် ကိုခေါ်ယူမယ်ဆိုတဲ့ ရီးရဲလ် နှင့် အပြောင်းအရွေ့ သတင်းတိုများ

02 May 2019     1,297 Views


စပိန်ကလပ် ရီးရဲလ်မက်ထရစ်အသင်းဟာ စပါးအသင်း၏ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။. ဝါရင့် ကွင်းလယ်လူ မိုဒရစ်နေရာ ကို ရေရှည်အစားထိုးဖို့အတွက် နည်းပြ ဇီဒန်းက အဲရစ်ဆင်ကို သဘောကျနေတာဖြစ်ပါတယ်။

နောက်ရာသီမှာ အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ရှိနေတဲ့ ရီးရဲလ်အသင်းက ချလ်ဆီးမှ ဟာဇတ် နဲ့ မန်ယူအသင်းမှ ပေါ့ဘာ တို့ကလည်း အရခေါ်ယူနေတာဖြစ်ပါတယ်။အဲရစ်ဆင်ဟာ စပါးအသင်းနဲ့ ၂၀၂၂ အထိစာချုပ်ရှိနေတာဖြစ်ပြီး ခေါ်ယူလိုပါက ယူရို သန်း ၁၀၀ အထိကုန်ကျနိုင်ပါတယ်။

အသက် ၂၇ အရွယ် အဲရစ်ဆင်ဟာ စပါးအသင်းမှာ အသင်းအတွက် အဓိကခြေစွမ်းပြကစားထားနိုင်ပြီး  ၉ ဂိုးသွင်းယူထားနိုင်ပြီး ၁၂ ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ပရီးမီယားထိပ်သီး မန်စီးတီးအသင်းမှာ အသင်းမှ မန်ဒီက  ဒဏ်ရာပြသာနာ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် ဘယ်နောက်ခံအတွက် လတ်စတာမှ ဘန်ချီဝဲကို မျက်စိကြနေပါတယ်။ မန်ဒီနေရာကို ဇင်ချန်ကို ဝင်ရောက်ကစားထားနိုင်သော်လည်း နည်းပြ ဂွာဒီယိုလာအကြိုက် သက်သေမပြနိုင်တာကြောင့် နောက်ရာသီ အပြာင်းအရွေ့ မှာ လူသစ်ကစားသမား ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အေဂျက်စ်အသင်းခေါ်ဆောင် ဒီလစ်ကို အသင်းကြီး အများစုကခေါ်ယူချင်နေသော်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းမှာ ကစားချင်နေတယ်လို့သိရပါတယ်။ နောက်ရာသီမှာ အသင်းမှ ကစားဖော် ဒီဂျောင် ၊ မက်စီ တို့နဲ့တွဲကစားချင်နေတယ် လို့သိရပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ဝါ့ရင်ဂိုးသမားကြီး ဖူပွန်နေရာအတွက် မန်ယူဂိုးသမား ဒီဂီယားကို ခေါ်ယူနိုင်ဖို့ လျားထားကြောင်း သိရပါတယ်။ ဒီဂီယားက မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၂ အထိကျန်ရှိနေသေးတာဖြစ်ပါတယ်။


02 May 2019     1,297 Views




RELATED

Most Popular of Football

Most Popular of Sport